တရုတ်တွင် ကျင်းပသည့် ကြိုးတန်းလျှောက်ပြိုင်ပွဲ (ရုပ်သံ)
တတိယအကြိမ်မြောက် အမြင့်ကြိုးတန်းလျှောက်ပြိုင်ပွဲကို တရုတ်နိုင်ငံအရှေ့ပိုင်းက ဇီကျန်းပြည်နယ်မှာ ကျင်းပခဲ့ကြပါတယ်။
နိုင်ငံ ၁၀ နိုင်ငံက ကမ္ဘာ့ထိပ်တန်း ကြိုးတန်းလျှောက်သူ ၁၆ ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ပြိုင်ပွဲဝင် ၂ ဦးချင်း အမြင့်မီတာ ၄၀၀ မှာ သွယ်တန်းထားတဲ့ ၂၅ မီလီမီတာကြိုးပေါ် အမြန်လျှောက် ပြိုင်ခဲ့ကြတာပါ။
အခုလို ကြိုးတန်းပေါ် အလွတ်လျှောက်ပြိုင်တာဟာ သံကြိုးပေါ် လျှောက်တာနဲ့ ကွာခြားပါတယ်။
မျှော့ကြိုးပေါ် လျှောက်ရသလို မငြိမ်ဘဲ သံကြိုးပေါ် လျှောက်ရသလို ဟန်ချက်ထိန်းတဲ့ တုတ်တန်းလည်း ကိုင်ခွင့်မရှိပါဘူး။
တရက်တည်း အပြီးကျင်းပခဲ့ပြီး ပြင်သစ်နိုင်ငံသား ပြိုင်ပွဲဝင်တဦးက ချန်ပီယံဆုကို ဆွတ်ခူး ရရှိသွားပါတယ်။