မြန်မာသမ္မတကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး လာရောက်တွေ့ဆုံ (ဓာတ်ပုံ)
နေဖြိုးဝင်း
·
May 9, 2016
နိုင်ငံတော်သမ္မတဦးထင်ကျော်ထံကို ထိုင်းနိုင်ငံဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ် နိုင်ငံခြားရေး ၀န်ကြီး နိုင် ဒွန်ပရမဒ်ဝင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မေလ ၉ ရက်နေ့ နံနက် ၁၁ က နေပြည်တော် သမ္မတအိမ်တော်ရှိ သံတမန်ဆောင်ဧည့်ခန်းမမှာ လာရောက်တွေ့ဆုံပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ မနေ့ကတည်းက နေပြည်တော်မှာ ရောက်ရှိနေတာဖြစ်ပြီး ဒီကနေ့ မြန်မာသမ္မတ အပြင်မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။