A d v e r t i s e m e n t With Us

မိန်းမနှင့်စကားများ၍ ယောကျာ်းဖြစ်သူ ကြိုးဆွဲချသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် ရှမ်းစုရပ်ကွက်မှာ မေလ ၈ ရက်နေ့ မနက်က အမျိုးသားတဦး ကြိုးဆွဲချ သေဆုံးခဲ့တယ်လို့ ကျွန်းလှမြို့မရဲစခန်းက သိရပါတယ်။ ကြိုးဆွဲချသေဆုံးနေတဲ့ အမျိုးသားဟာ မိန်းမဖြစ်သူနဲ့ အိမ်မှာ စကားများကြရာကနေ မိမိကိုယ်ကိုယ်ကိုယ် ကြိုးဆွဲချအဆုံးစီရင်ခဲ့တယ်လို့ သိရပါတယ်။ ကြိုးဆွဲချအဆုံးစီရင်ပြီး သေဆုံးနေတာကို ရပ်ကွက်ရှိ ပြည်သူတွေက ရဲစခန်းကို အကြောင်းကြားရာကနေ ကျွန်းလှမြို့မ ရဲစခန်းက သွားရောက်စစ်ဆေးခဲ့ပြီး ရဲစစ်ချက်အရ အမှန်တကယ် မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းဖြစ်ကြောင်း တွေ့ရှိတဲ့အတွက် သေမှုသေခင်း အမှတ်စဉ် ၃ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ကျွန်းလှမြို့မရဲစခန်းက သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - ရန်နိုင်စိုး

A d v e r t i s e m e n t With Us

More News
Up