A d v e r t i s e m e n t With Us

နိုင်ငံတော်လျှို့ဝှက်ချက်ဖော်ပြမှုကြောင့် တူရကီ သတင်းစာဆရာနှစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

ဌာနမှူး ဂူးလ် နှင့် သတင်းအယ်ဒီတာ ဒွန်ဒါ (၀ဲမှယာ)
တူရကီနိုင်ငံရဲ့ အထင်ကရသတင်းစာဆရာ ၂ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်တွေ ဖော်ပြမှုနဲ့ တူရကီတရားရုံးက ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ အတိုက်အခံသတင်းစာ၊ အန်ကာရာမြို့တော်ဌာနမှူး ဂူးလ် Gul နဲ့ သတင်းအယ်ဒီတာ ဒွန်ဒါ Dundar  တို့ဖြစ်ကြပြီး ဂူးလ် က ထောင်ဒဏ် ၅ နှစ်၊ ဒွန်ဒါ ကတော့ ထောင်ဒဏ် ၅ နှစ်နဲ့ ၁၀ လချမှတ်ခံရတာပါ။ ဆီးရီးယားသူပုန်တွေကို တူရကီအစိုးရက လက်နက်ခဲယမ်းတွေ ထောက်ပံ့နေတယ်ဆိုတဲ့သတင်း ဖြော်ပမှုစွဲချက်တင်ခံရတာပါ။ သတင်းအယ်ဒီတာ ဒွန်ဒါကတော့  အပြစ်ဒဏ်မချခင် သေနတ်သမားတဦးက သူ့ကို လုပ်ကြံပစ်ခတ်ခဲ့ပေမယ့် လွတ်မြောက်ခဲ့ပါတယ်။ သေနတ်သမားကတော့ အဖမ်းခံရပြီး တခြားသတင်းထောက်တဦးတော့ ဒဏ်ရာရရှိခဲ့ပါတယ်။ အခုလို ထောင်ဒဏ်ချမှတ်တာ၊  လုပ်ကြံဖို့ ကြိုးစားတာတွေဟာ သူတို့ နှစ်ဦးတင်မဟုတ်ပဲ တူရကီမီဒီယာတခုလုံးကို ဖိနှိပ်ခြိမ်းခြောက်မှုလို့  ဒွန်ဒါ ကပြောဆိုပါတယ်။ သူတို့ကို ထောင်ဒဏ်တသက်ချမှတ်နိုင်တဲ့ သူလျှိုမှုနဲ့ပါ စွဲချက်တင်ခဲ့ပေမယ့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းမီဒီယာတွေက ၀ိုင်းဝန်းပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ နှစ်ဦးလုံး အယူခံဝင်လိမ့်မယ်လို့ မျှော်လင့်ရကြောင်း သတင်းတွေက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up