တရုတ်ငါးဖမ်းလှေနှင့် ကွန်တိန်နာတင်သင်္ဘော တိုက်မိ (ရုပ်သံ)

အရှေ့တရုတ်ပင်လယ်မှာ မော်တာနိုင်ငံက ကွန်တိန်နာတင်သင်္ဘောနဲ့ တရုတ်ငါးဖမ်းစက်လှေတို့ မေ ၇ ရက်နေ့က တိုက်မိခဲ့ကြလို့ ငါးဖမ်းစက်လှေနှစ်မြုပ်သွားပြီး တရုတ်ငါးဖမ်းလုပ်သား ၁၇ ဦး ပျောက်ဆုံးနေပါတယ်။ စက်လှေပေါ်မှာ ငါးဖမ်းလုပ်သားအားလုံး ၁၉ ဦး လိုက်ပါခဲ့ကြပြီး ၂ ဦးကိုတော့ တခြားငါးဖမ်းစက်လှေတွေက ကယ်ဆယ်ခဲ့ပါတယ်။ မေ ၇ ရက်နေ့ မနက် ၄ နာရီလောက်မှာ တိုက်မိခဲ့ကြပြီး တန်ချိန် ၄ သောင်းကျော်တဲ့ ကုန်တင်သင်္ဘောကတော့ သူ့လမ်းကြောင်းအတိုင်း ဆက်ခုတ်မောင်းသွားခဲ့တယ်လို့ တရုတ်အမျိုးသားရေဒီယိုက ကြေညာပါတယ်။ အရှေ့တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ ကျွန်းပိုင်ဆိုင်မှု အငြင်းပွားနေကြပြီး တရုတ်ငါးဖမ်းစက်လှေတွေနဲ့ ဂျပန်ကမ်းခြေစောင့်တပ်တွေလည်း မကြာခဏ ပြဿနာတက်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up