Home
မြန်မာသတင်း
ကလေးငယ်ကို နို့ချိုတိုက်ပြီး မူးယစ်ဆေးထိုးနေသည့်အမျိုးသမီးရုပ်သံ ဖေ့စ်ဘွတ်ခ်ပေါ် ပျံ့နှံ့
DVB
·
May 8, 2016
ဒီနေ့ကျရောက်တဲ့ အမေများနေ့မှာ ဖေ့စ်ဘွတ်ခ် လူမှု ကွန်ရက်စာမျက်နှာတခုပေါ်က ကလေးငယ်ကို နို့ချိုတိုက်ကျွေးပြီး တဖက်မှာ ဆေးထိုးအပ်နဲ့ မူးယစ်ဆေးထိုးနေတဲ့ အမျိုးသမီးတဦးရဲ့ ရုပ်သံတခု ထွက်ပေါ်လာပါတယ်။ နေရာကတော့ ဖားကန့်ဒေသမှာလို့ သိရပါတယ်။ ဒီရုပ်သံဖိုင်ကို ပြီးခဲ့တဲ့ ၂၀၁၆ ဧပြီ ၂၄ ရက်နေ့က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ Tang Raw Jakashin ဖေ့စ်ဘွတ်ခ်မှာ ဒီရုပ်သံတင်ထားတာဖြစ်ပြီး စာရေးသူကတော့ ဒီနေ့ကျရောက်တဲ့ အမေများနေ့မှာ ဒီရုပ်သံကိုကြည့်ပြီး ကြေကွဲခံစားမိတဲ့အကြောင်း အခုလို ရေးသားထားပါတယ်။ “ကျွန်တော် ဒီဗွီဒီယိုလေးကိုတင်ဖို့ အစီအစဉ်မရှိပါဘူး။ ဒါပေမယ့် ဒီနေ့မိခင်များနေ့မှာ ဘာတွေတင်ပြီး လူတွေရဲ့အကျိုးတခုလောက်ပြုမလဲလို့ စဉ်းစားတဲ့အခါမှာ ဒီကလေးနဲ့မိခင်ရဲ့ပုံကိုကြည့်ရင်းနဲ့ တအားကြေကွဲခံစားမိတယ်။ ဒါကြောင့် ဒီ ဗွီဒီယိုကိုကြည့်ပြီး ဒီနေ့ရဲ့မိခင်များနေ့အားဖြင့် လူတွေရဲ့နှလုံးသားမှာ အကျိုးပြုစေမဲ့ပြောင်းလဲမူတခုကို မျှော်လျှင့်ရင်းတင်လိုက်ပါတယ်။ သင်ဟာ မိခင်တယောက်ရဲ့ နှလုံးသားရှိတယ်ဆိုရင် မိဘတယောက်ရဲ့ နှလုံးသားရှိတယ်ဆိုရင် သားသမီးချင်း ကိုချင်းစာတယ်ဆိုရင် မူးယစ်ဆေးဝါး စိုက်ပျိုးခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ သုံးစွဲခြင်းတွေကို စွန့်လွတ်ရှောင်ရှားကြပါစို့လို့ တိုက်တွန်းနိုးဆော်လိုက်ပါတယ်။ ကျွန်ုပ်တိုဟာ တိရစ္ဆာန်များ မဟုတ်ပါ။ တိရစ္ဆာန်ထက် များစွာမြင့်မြတ်သူများဖြစ်ပါတယ်၊ တိရစ္ဆာန်တွေတောင် မိခင်စိတ်တကယ်ကို မြင့်မားလှပါတယ်။ ဒီဗွီဒီယိုလေးကိုကြည်ရင်း ဒီနေ့ရဲ့မိခင်များနေ့မှာ ဘုရားသခင့်ဆီမှ စကားတခွန်းလောက်တော့ ကြာမိပါစေကြောင်း၊ အားလုံးရဲ့အကျိုးကိုမျှော်လင့်ရင်း အမေနှင့်အတူ မိခင်များအားလုံး ကျမ်းမာပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်။” စာရေးသူ - Ram Hkye Tang
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024