မုံရွာကြက်ငှက်တုပ်ကွေး အားပြင်း H9N2 ပိုးဟု တာဝန်ရှိသူများ ထုတ်ပြန်

3.7K
ဧပြီလအတွင်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာဖြစ်ပွားခဲ့တဲ့ ကြက်ငှက်တုပ်ကွေးရောဂါဟာ H9N2 ရောဂါပိုး ဖြစ်တယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပါတယ်။
သြစတြေလျနိုင်ငံ ဓာတ်ခွဲခန်းက စစ်ဆေးတွေ့ရှိချက်အရ အားပြင်းတဲ့ H9N2 ပိုးဖြစ်ကြောင်း တွေ့ရှိခဲ့တာဖြစ်ပြီး အဲ့ဒီပိုး ကူးစက်ခံရတဲ့ ကြက်ကောင်ရေ ၇၀၀၀၀ လောက်ကို သုတ်သင်ရှင်းလင်း ဖျက်ဆီးခဲ့ပြီးဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
မုံရွာကြက်မွေးမြူရေးဇုန်မှာ ကြက်ငှက်တုပ်ကွေးရောဂါ နှစ်စဉ်လိုဖြစ်ပွားနေပြီး ဒေသခံကြက်ခြံပိုင်ရှင်တွေအဆိုအရ တရုတ်နိုင်ငံက ကြက်ပေါက်တွေ ပြည်တွင်းကို တင်သွင်းခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အရင်က မရှိတဲ့ H9N2 ရောဂါပိုး ကူးစက်မှု ဖြစ်ပွားလာတာလို့ သိရပါတယ်။