အထူးတပ်ဖွဲ့များ သရုပ်ပြပွဲ ကုလားအုပ်စစ်ဆင်ရေး ရေပန်းစား (ရုပ်သံ)

1.1K
ဂျော်ဒန်နိုင်ငံမှာ ဒီနှစ်ကျင်းပတဲ့ အထူးတပ်ဖွဲ့များသရုပ်ပြပြိုင်ပွဲမှာ ဂျော်ဒန်၊ လက်ဘနွန် အထူးတပ်ဖွဲ့က အုပ်စုလိုက် ယှဉ်ပြိုင်မှုမှာ ချန်ပီယံ ဆုရရှိသွားပါတယ်။
နှစ်စဉ် ကျင်းပတဲ့ စစ်သည်တော်ပြိုင်ပွဲကို သောကြာနေ့အထိ လေးရက် ကျင်းပခဲ့ပြီး ၁၂ နိုင်ငံက အထူးတပ်ဖွဲ့ ၂၇ ဖွဲ့ ၀င်ပြိုင်ခဲ့ကြပါတယ်။
ပြိုင်ပွဲကို ဒုတိယမြောက် အဗ္ဗဒူလာ ဘုရင်ရဲ့ အထူးစစ်ဆင်ရေးသင်တန်းခန်းမမှာ ကျင်းပပါတယ်။
ဒီနှစ်မှာ တရုပ်ရဲတပ်ဖွဲ့ လက်အောက်က အကြမ်းဖက်မှု ဆန့်ကျင်ရေးတိုက်ဖျက်ရေးတပ်ဖွဲ့ နှင်းကျားသစ် ကွန်မန်ဒို တပ်ဖွဲ့က ပြိုင်ပွဲအမျိုးမျိုးမှာ ပထမဆု ၃ ဆုနဲ့ ဒုတိယ ဆု ၃ ဆု ရရှိခဲ့ပါတယ်။ တရုတ်နိုင်ငံက စေလွှတ်လိုက်တဲ့ အထူးတပ်ဖွဲ့ တဖွဲ့လည်း ဒုတိယ ဆု ၂ ဆုကို ရရှိပါတယ်။
နိုင်ငံတကာမှာ အကြမ်းဖက်မှု ဆန့်ကျင်ရေး စစ်ဆင်ရေးတွေမှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍက မြင့်မားလာပါတယ်။
အရင်နှစ်တွေက ကျင်းပခဲ့တဲ့ ပြိုင်ပွဲတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီနှစ်မှာ ကုလားအုတ်တွေကို အသုံးပြုတဲ့ စစ်ဆင်ရေးလိုမျိုး သတင်းမီဒီယာတွေ အာရုံစိုက်စရာ အထူးတပ်ဖွဲ့တွေ ပါဝင်လာပါတယ်၊ ပြိုင်ပွဲက ခက်ခဲသလို၊ အပြိုင်အဆိုင်လည်း ရှိလာပါတယ်။