A d v e r t i s e m e n t With Us

ဆင်ခြင်တုံတရားကင်းမဲ့သူဟု ဒေါနယ်ထရမ့်ကို ဟီလာရီ ဝေဖန်

ဒေါနယ်ထရမ့်နှင့် ဟီလာရီ
ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း ဟီလာရီ ကလင်တန်က သူ့ပြိုင်ဘက် ဒေါနယ်ထရမ့်ရဲ့ အတွေးအခေါ်တွေဟာ အန္တရာယ်များပြီး ဆင်ခြင်တုံတရား ကင်းမဲ့လွန်းတယ်လို့ ဝေဖန်လိုက်ပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ် အောကလန်မြို့မှာ စည်းရုံးရေး ခရီးထွက်တဲ့ ဟီလာရီက “ဒေါနယ်ထရမ့်ဆီက ကြားရတဲ့ စကားတွေက စိုးရိမ်စရာကောင်းတယ်။ တခြား နိုင်ငံတွေကို နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ခွင့်ပေးလိုက်ဖို့ ပြောတယ်။ တကယ်တော့ နျူကလီးယား လက်နက်တွေ ဖျက်သိမ်းဖို့ အရေအတွက် လျှော့ချဖို့၊ တခြားနိုင်ငံတွေက မရအောင် တားဆီးကာကွယ်တာတွေ လုပ်နေချိန် သူက ဒီလို ပြောတယ်။ နျူကလီးယား လက်နက်ကို အိမ်ခြံမြေ အရောင်းအ၀ယ်လို့များ ထင်နေပုံရတယ်” လို့ ဝေဖန်လိုက်ပါတယ်။ ဒီတပတ် အစောပိုင်းမှာ ထရမ့်ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ တက်ခရုစ်နဲ့ ဂျွန်ကာစက်တို့ ပြိုင်ပွဲကနေ ထွက်သွားပြီး ဖြစ်ပါတယ်။ ဟီလာရီနဲ့ ထရမ်တို့ ယှဉ်ပြိုင်ရင် ဟီလာရီက အနိုင်ရဖို့ များပေမယ့် ဒီတပတ်ထဲမှာ အွန်လိုင်း စစ်တမ်းတချို့မှာတော့ မတိမ်းမယိမ်း ရှိနေတာကို ပြသနေပါတယ်။ အင်္ဂါနေ့က အင်ဒီယာနား ပြည်နယ်မှာ ပြုလုပ်တဲ့ ဒီမိုကရက်ပါတီရဲ့ ရွေးကောက်ပွဲမှာ ဟီလာရီက ပြိုင်ဘက် ဆန်းဒါးစ်ကို ရှုံးခဲ့ပါတယ်။ ဒါပေမယ့် ဟယ်လာရီက ဆန်းဒါးစ်ထက် ကိုယ်စားလှယ်ဦးရေ ၈၀၀ ကျော် ပိုရရှိထားတဲ့အတွက် ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့ အလားအလာ ကောင်းနေပါတယ်။ ဟီလာရီကတော့ သူသာ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း ဖြစ်လာရင် ဒေါ်နယ် ထရမ့်ကို နိုင်အောင် ဘယ်လိုနည်းလမ်းသုံးပြီး ယှဉ်ပြိုင်ရမလဲဆိုတာကို သိတယ်လို့ ပြောထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up