ရွှေ့ပြောင်းအလုပ်သမားများ ထောက်ပံ့ကူညီရေး ဗဟိုဌာန ၁၁ ခု ဖွင့်လှစ်
DVB
·
May 8, 2016
ရွှေ့ပြောင်းအလုပ်သမားများ ထောက်ပံ့ကူညီရေး ဗဟိုဌာန ၁၁ ခုနဲ့ အလုပ်သမားပြဿ နာဖြေရှင်းပေးမယ့် စင်တာ ၂ ခု ထူထောင်ထားကြောင်း အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။
ကရင်ပြည်နယ် မြ၀တီမြို့နဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွေ အပါအ၀င် ရွှေ့ပြောင်းအလုပ်သမားတွေ ထောက်ပံ့ကူညီရေး ဗဟိုဌာန ၁၁ ခုကို နိုင်ငံအနှံ့ ဖွင့်လှစ်ထားပြီး ရွှေ့ပြောင်းအလုပ်သမားများ လိုအပ်တဲ့ အကူအညီပေးသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်တာပါ။
ရွှေ့ပြောင်းအလုပ်သမားများ ထောက်ပံ့ကူညီရေး ဗဟိုဌာန ၁၁ ခုရဲ့ ရုံးလိပ်စာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကိုတည်း တပါတည်း ထုတ်ပြန်ပေးလိုက်တာဖြစ်ပြီး ပြည်တွင်း ပြည်ပရှိ ရွှေ့ပြောင်းအလုပ်သမားများ ပြဿ နာတစုံတရာဖြစ်ပွားရင် တိုင်ကြားနိုင်တဲ့ စင်တာလိပ်စာနဲ့ ဖုန်းနံပါတ်တွေကိုလည်း ဖော်ပြပေးထားပါတယ်။
ပြည်တွင်းမှာ သောင်းနဲ့ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရှိနေသလို ပြည်ပမှာလည်း သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ရှိနေတာ ဖြစ်ပါတယ်။