ဥပဒေနှင့်အညီ ဆိုင်ကယ်စီးခွင့်ရရေး အပျော်တမ်းဆိုင်ကယ်စီးပွဲတော် ကျင်းပ





1.9K
ဥပဒေနဲ့အညီ ဆိုင်ကယ်စီးနင်းခွင့် ရရေးအတွက် ရန်ကုန်တိုင်း မှော်ဘီမြို့နယ်၊ ပဲခူးတိုင်း၊ မော်လမြိုင်နဲ့ မုဒုံမြို့နယ်တွေက ဆိုင်ကယ်ဝါသနာရှင်မျိုးဆက်တွေ စုပေါင်းပြီး Super Suday အပျော်တမ်း ဆိုင်ကယ်စီးပွဲတော်ကို ဒီနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီအစီစဉ်ကို ၁၉၈၈ ခုနှစ် ဆိုင်ကယ်ဝါသနာရှင် မျိုးဆက်ဟောင်းတွေ ဦးဆောင်ပြီး မျိုးဆက်သစ်လူငယ်တွေအပါဝင် ၀ါသနာရှင်တွေဟာ မင်္ဂလာဒုံစစ်သချုင်္င်းကနေ စုရပ်စတင်ပြီး ကျိုက်ထိုမြို့ စိမ်းလဲ့တင်အထိ အပျော်တမ်းဆိုင်ကယ်စီးခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့အနေနဲ့ ဆိုင်ကယ်စီးနင်းခွင့်မရတဲ့ ရန်ကုန်မှာ ဆိုင်ကယ် စည်းကမ်း ဥပဒေတွေနဲ့ ဆိုင်ကယ် စီနင်းခွင့်ရဖို့အတွက် အခုလို အပျော်တမ်း ဆိုက်ကယ်သမားတွေ စီနင်းကြတဲ့ Super Suday အဖြစ် ပြုလုပ်ကြတယ်လို့ဆိုပါတယ်။
အစီးအရေ ၅၀ နဲ့ ၁၀၀ ကြား သတ်မှတ်ထားတာဟာ ရန်ကုန်မြို့ထဲမှာ ဆိုင်ကယ်ထားလို့ မရတာကြောင့် မြို့ပြင်ကနေတဆင့် စုပေါင်းထွက်ခွာကြတာလို့ ဆိုပါတယ်။