၂၀၁၆ ခုနှစ် မိုးစပါးအတွက် တစ်ဧကလျှင် ကျပ် ၁ သိန်းခွဲ ချေးမည်
DVB
·
May 8, 2016
၂၀၁၆ မိုးစပါးအတွက် စိုက်ပျိုးစရိတ်ချေးငွေကို ၁ ဧက ကျပ် ၁ သိန်းခွဲပေးဖို့ အစိုးရက စီစဉ်နေပြီလို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က မေလ ၇ ရက်နေ့ ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ မြန်မာနိုင်ငံ ဆန်းစပါးအသင်းချုပ်ရဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရေတို၊ ရေရှည် ပြုပြင်ပြောင်းလဲရေး အကြံပြုချက်တွေထဲက တချက်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဧပြီ ၆ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်က တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီလို တွေ့ဆုံရာမှာ ဆန်စပါးနဲ့ လယ်ယာကဏ္ဍအတွက် ရက် ၁၀၀ အတွင်း ကာလတို ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ၊ ကာလလတ်နဲ့ ကာလရှည် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို အကြံပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။