ခုန်ချသေကြောင်းကြံသည့် အမျိုးသမီးကို စွန့်စွန့်စားစားကယ်တင် (ရုပ်သံ)

2K
တရုတ်နိုင်ငံ၊ ကျန်းဆုခရိုင်ထဲမှာ အမျိုးသမီးတဦးဟာ ၆ ထပ်အမြင့်ရှိ အခန်းမှ ခုန်ချသေကြောင်းကြံဖို့ ကြိုးစားချိန်မှာ ကယ်ဆယ်ရေးသမားတွေက စွန့်စွန့်စားစားကယ် တင်ခဲ့ရပါတယ်။
စီစီတီဗွီသတင်းမှာ ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ကယ်ဆယ်ရေးသမားတွေဟာ အဆိုပါအမျိုးသမီးကို ဒရာမာဆန်ဆန်စွန့်စားကယ်တင်ခဲ့တာကို တွေ့ရမှာပါ။
အမျိုးသမီးဟာ ၆ လွှာအခန်းရဲ့ ပြတင်းပေါက်အစွန်းမှာ ထိုင်နေခဲ့ချိန်မှာ ကယ် ဆယ်ရေးသမားတွေဟာ အုပ်စု ၂ စုခွဲပြီး ကယ်တင်ဖို့ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။
အုပ်စုတစုက အမျိုးသမီးကို တိုက်ခန်းတွင်းပြန်ဝင်ဖို့ ဖြောင့်ဖြပြောဆိုစည်းရုံးနေ ချိန်မှာ တခြားအုပ်စုက အဆိုပါအခန်းအပေါ် ၇ လွှာတိုက်ခန်းရဲ့ အပြင်ဘက်ကနေ တိတ်တဆိတ်လျှောဆင်းနိုင်ဖို့ ကြိုးစားခဲ့ရတာပါ။
အပေါ်ထပ်အုပ်စုထဲမှ ကယ်ဆယ်ရေးသမားတွေဟာ သူတို့ထဲက တဦးကို ကြိုးနဲ့ ချည်နှောင်ကာ အောက်ထပ်အခန်းပြင်ပဆီ ခက်ခက်ခဲခဲလျှောဆင်းစေဖို့ စီမံခဲ့ကြပါ တယ်။
အဲဒီကယ်ဆယ်ရေးသမားဟာ အမျိုးသမီးမရိပ်မိအောင် အောက်ထပ် ၆ လွှာအ ခန်းအထက်က ဘောင်ကို ခိုတွဲထားကာ အမျိုးသမီးကို အခန်းထဲကိုပြန်ရောက်အောင် ကန်ထုတ်လိုက်ပြီး ကယ်တင်နိုင်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့နိုင်ပါတယ်။