Home
မြန်မာသတင်း
၉၀ ​ရွေး​ကောက်ပွဲရလဒ်နှင့်​အတူ အ​ရွေး​ချယ်ခံများ​၏ကဏ္ဍ ပျက်ပြယ်ပြီဟုဆို
DVB
·
August 29, 2011
၁၉၉၀ ပြည့်​နှစ် ပါတီစုံအ​ထွေ​ထွေ​ရွေး​ကောက်ပွဲ ရလဒ်နဲ့​ ​ရွေး​ကောက်ခံရတဲ့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်​တွေရဲ့​ အခန်း​ကဏ္ဍ ပျက်ပြယ်သွား​ပြီလို့​ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ကော်မရှင်က ​ပြောပါတယ်။ ပြည်​ထောင်စု​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ကော်မရှင် ဥက္ကဋ္ဌ ဦး​တင်​အေး​ကိုယ်စား​ အဖွဲ့​ဝင် ဦး​မြင့်​နိုင်က ဒီ​နေ့​ကျင်း​ပတဲ့​ ပြည်သူ့​လွှတ်​တော်ပုံမှန်အစည်း​အ​ဝေး​မှာ ​ပြောကြား​ လိုက်တာပါ။ ၁၉၉၀ ပြည့်​နှစ် ​ရွေး​ကောက်ပွဲမှာ အနိုင်ရရှိခဲ့​ကြတဲ့​ ပြည်သူ့​လွှတ်​တော် ကိုယ်စား​ လှယ် ၁၂၀ နဲ့​ပတ်သက်ပြီး​ ဘယ်လိုစဉ်း​စား​ထား​လဲလို့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​သိန်း​ညွန့်​ရဲ့​ ​မေး​ခွန်း​ကို အဲဒီလိုရှင်း​လင်း​ဖြေကြား​သွား​တာလို့​ ​မြေပုံမဲဆန္ဒနယ်က ဦး​ဖေသန်း​က ​ပြောပြပါတယ်။ “၁၉၉၀ ခုနှစ် ပါတီစုံ​ရွေး​ကောက်ပွဲဥပ​ဒေကို အခု​ရွေး​ကောက်ပွဲမှာ ဒီ​ကော်မရှင် ဥပ​ဒေနဲ့​ ​ပြောင်း​လိုက်ပြီလို့​ ​ပြောလိုက်တဲ့​အတွက် အဲဒီ ၁၂၀ ရဲ့​ ပြဿနာက ဘာမှ မဆိုင်​တော့​ဘူး​ပေါ့​။ လက်ရှိဥပ​ဒေနဲ့​ ဖျက်သိမ်း​လိုက်ပြီဖြစ်တယ်လို့​ ​ပြောလိုက်တာ​ကြောင့်​ ၁၉၉၀ ခုနှစ် ပါတီစုံအ​ထွေ​ထွေ​ရွေး​ကောက်ပွဲဥပ​ဒေဟာ အလိုလို ပျက်ပြယ်ပြီး​သား​ဖြစ် တယ်။ အဲဒီအတွက် ၁၂၀ ဟာလည်း​ အလိုလို ပျက်ပြယ်ပြီး​ဖြစ်တယ်လို့​ ​ရွေး​ကောက် ပွဲ ​ကော်မရှင်ကိုယ်စား​ ​ကော်မရှင်အဖွဲ့​ဝင် ဦး​မြင့်​နိုင်က ​ပြောကြား​သွား​တာ။” ၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ လွှတ်​တော်ကိုယ်စား​လှယ်​တွေနဲ့​ ဖွဲ့​စည်း​ထား​တဲ့​ ပြည်သူ့​လွှတ်​တော် ကိုယ်စား​ပြု​ကော်မတီ (စီအာပီပီ) အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​အေး​သာ​အောင်က​တော့​ “​ရွေး​ကောက်ပွဲတခုကို ကျင်း​ပထား​ပြီး​တော့​ ဒီ​ရွေး​ကောက်ပွဲရဲ့​ ရလဒ်ကို တစုံတရာ အ​ကောင်အထည်မ​ဖော်ဘဲနဲ့​ လက်လွတ်စပယ် ​ပြောတယ်လုပ်တယ် ဆိုတာ​တော့​ နိုင်ငံအတွက်​ကော သမိုင်း​မှာ​ကော မ​ကောင်း​တဲ့​ လက္ခဏာတခုပဲ”လို့​ ​ဝေဖန် ​ပြောကြား​ပါတယ်။ “အန်အယ်ဒီအပါအဝင် အန်ကယ်တို့​ ရခိုင်ဒီမိုက​ရေစီ အဖွဲ့​ချုပ်က ၉၀ ​ရွေး​ကောက် ပွဲ​ကြောင့်​ ပြည်သူ​တွေက တာဝန်​ပေး​တဲ့​အတိုင်း​ နိုင်ငံ​ရေး​ပါတီ​တွေဖြစ်တယ်၊​ နိုင်ငံ​ရေး​သ မား​တွေဖြစ်တယ်။ ဒီအ​ခြေခံကို အ​ကြောင်း​ပြုပြီး​တော့​ အန်အယ်လ်ဒီအပါအဝင် အန်ကယ် တို့​ပါတီ​တွေက ရပ်တည်​နေတာဖြစ်တယ်။ “နဝတ၊​ နအဖက ​ပြောင်း​လိုက်တဲ့​ သမ္မတ ဦး​သိန်း​စိန်အစိုး​ရလည်း​ ပြည်​ထောင်စု အစိုး​ရသစ်လို့​ပဲ ​ခေါ်​ခေါ် ဒီအစိုး​ရနဲ့​က​တော့​ တမျိုး​သား​လုံး​အတွက် ​ရှေ့​ဆက်သွား​မယ့်​ အ​ရေး​ကြီး​တဲ့​ အမျိုး​သား​ရေး​ ကိစ္စ​တွေ၊​ တနည်း​အား​ဖြင့်​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ ကိစ္စ​တွေကို ​ဆွေး​နွေး​တဲ့​အခါမှာ ဒီလိုအချက်အလက်​တွေကို တနည်း​နည်း​ဖြင့်​ အသိအ မှတ်ပြုဖို့​၊​ အ​ကောင်အထည်​ဖော်ဖို့​၊​ အ​ကောင်အထည်​ဖော်ဖို့​ ဆိုတဲ့​နေရာမှာ အာဏာလွှဲဖို့​ အစိုး​ရဖွဲ့​ပေး​ဖို့​ ဒီလို​ပြောတာမဟုတ်ဘူး​၊​ တိုင်း​ပြည်အတွက်​ရော၊​ လုပ်ခဲ့​တဲ့​နိုင်ငံ​ရေး​ သမား​တွေအတွက်​ရော တာဝန်ရှိတဲ့​ ပုဂ္ဂိုလ်​တွေ​ကော အသီး​သီး​ကို အသိအမှတ်ပြုဖို့​ လိုမယ်လို့​ ယူဆပါတယ်။” ၂၀၁၀ ​ရွေး​ကောက်ပွဲတုန်း​က ပါတီမှတ်ပုံမတင်ခဲ့​တဲ့​ ၁၉၉၀ ပြည့်​နှစ် ​ရွေး​ကောက်ပွဲ အနိုင်ရ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ပါတီအပါဝင် တိုင်း​ရင်း​သား​ပါတီ​တွေဟာ တရား​ဝင် ပါတီရပ်တည်မှု ပျက်ပြယ်ပြီလို့​ ပြည်​ထောင်စု​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ ​ကော်မရှင်က ​ကြေ ညာခဲ့​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024