A d v e r t i s e m e n t With Us

ကာမရာဂနှိုးဆွသည့်ပုံစံဖြင့် ငှက်ပျောသီးစားပြသည့်ရုပ်သံ တရုတ်ပိတ်ပင်

ငှက်ပျောသီးကို လိင်စိတ်နိုးကြွစေတဲ့ ပုံစံနဲ့ စားတာကို ရိုက်ကူးထားတဲ့ ရုပ်သံတွေကို မလွှင့်ဖို့ တရုတ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ ၀န်ဆောင်မှုက တားမြစ်လိုက်ပါတယ်။ တိုက်ရိုက်တင်ဆက် ထုတ်လွှင့်ပေးနေတဲ့ ၀က်ဘ်ဆိုဒ်တွေက ထုတ်လွှင့်ချက်တွေကို သေချာစိစစ် စစ်ဆေးပြီး ကာမစိတ်ကို နှိုးဆွစေတဲ့ ငှက်ပျောသီးစားတဲ့ ပုံစံတွေကို သေချာစောင့်ကြည့်ရမယ်လို့ စည်းမျဉ်းအသစ်က ညွန်ကြားထားကြောင်း တရုတ် နယူးအိတ်စပရက်စ်ဒေးလီးသတင်းက ရေးပါတယ်။ ဒါ့အပြင် ခြေအိတ်ရှည်နဲ့အတွင်းခံဘောင်းဘီတွေ ၀တ်ထားတာကိုလည်း တားမြစ်လိုက်ပါတယ်။ အင်တာနက်ပေါ်က မသင့်တော်တဲ့အရာနဲ့ လိင်စိတ်နိုးကြွားစေတဲ့ အကြောင်းအရာတွေကို ပစ်မှတ်ထားတဲ့ အာဏာပိုင်တွေရဲ့ နောက်ဆုံးကြိုးပမ်းမှုတရပ်လို့ တရုတ် အစိုးရပိုင် စီစီတီဗွီသတင်းက ရေးပါတယ်။ ဧပြီလကလည်း တရုတ်ယဉ်ကျေးမှု ၀န်ကြီးဌာနက ကာမရာဂစိတ်နှိုးဆွပြီး အကြမ်းဖက်မှုတွေ ပါတယ်လို့ စွပ်စွဲပြီး တိုက်ရိုက်တင်ဆက်ပေးနေတဲ့ ၀က်ဆိုဒ်တွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ကြေညာပါတယ်။ တိုက်ရိုက်တင်ဆက်ပေးနေတာကို ကြည့်တဲ့သူတွေရဲ့ ၂၆ ရာခိုင်နှုန်းက အသက် ၁၈ နှစ်အောက်ပြီး ဖန်တီးနေတဲ့ ၆၀ ရာခိုင်နှုန်းက အသက် ၂၂ နှစ်ဖြစ်တယ်လို့ နယူးအိတ်စ်ပရက်စ် က ထုတ်ပြန်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up