A d v e r t i s e m e n t With Us

ရန်ကုန်တွင် ရောင်းသူမဲ့ အအေးဆိုင် ဖွင့်လှစ်

မန္တလေးမြို့မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ရောင်းသူမဲ့ အအေးဆိုင်လိုမျိုး ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ ဝါးတန်းလမ်း၊ Loi Hein ကုမ္ပဏီရှေ့မှာလည်း မေလ ၆ ရက်နေ့က စပြီး ဖွင့်လှစ်ရောင်းချနေပါတယ်။ ရောင်းသူမဲ့ဆိုင်ကို Loi Hein ကုမ္ပဏီက ဝန်ထမ်း ၃ ဦးက ဖွင့်လှစ်ထားတာဖြစ်ပြီး ကုမ္ပဏီနဲ့တော့ မသက်ဆိုင်ဘူးလို့ သိရပါတယ်။ မေ ၆ ရက်နေ့ စတင်ရောင်းချတဲ့နေက ကျပ် ၅၀၀၀၀ ဖိုး ရောင်းချရငွေ ရရှိခဲ့ပြီး လက်တွေ့မှာ အပျောက်အရှမရှိ ရောင်းရခဲ့တယ်လို့ ဆိုင်ဖွင့်လှစ်သူ ကိုမျိုးမင်းကပြောပါတယ်။ ဒီဆိုင်မှာ အအေး တစ်ဘူး ၃၀၀၊ ရေသန့်တစ်ဘူး ၂၀၀ ကျပ်နဲ့ ရေသန့်ရေခဲစိမ်ပြီး ရောင်းချပေးထားပါတယ်။ ဆိုင်က ရရှိတဲ့ အကျိုးအမြတ်ကို သဘာဝဘေးအန္တရာယ် ခံစားရသူတွေအတွက် တနိုင်တပိုင်လှူဒါန်းသွားမယ်လို့ ဆိုင်ဖွင့်လှစ်သူ ကိုမျိုးမင်းက ပြောပါတယ်။ သတင်းဓာတ်ပုံ - အာကာ  

A d v e r t i s e m e n t With Us

More News
Up