မိုင်းလားတွင် လက်နက်တိုက်ပေါက်ကွဲ၊ ၂ ဦး သေဆုံး
DVB
·
May 7, 2016
ရှမ်းပြည်နယ်၊ မိုင်းလားမှာ ဒီမနက်ပိုင်းက လက်နက်တိုက်ပေါက်ကွဲပြီး လူ ၂ ဦးသေ၊ ၅၀ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ခရိုင်ပြန်ဆက်က သတင်းထုတ်ပါတယ်။
ရှမ်းပြည်နယ်အရှေပိုင်း၊ အထူးဒေသ ၄ မိုင်းလားမြို့နဲ့ ၂ မိုင်ကျော်အကွာ တရုတ်နယ်စပ်အနီးမှာ ဒီနေ့မနက် ၇ နာရီခွဲခန့်က လက်နက်ဂိုဒေါင်တခု ပေါက်ကွဲခဲ့တာကြောင့် လူသေဆုံးဒဏ်ရာရတယ်လို့ သတင်းမှာ ဖော်ပြထားပြီး အဲ့ဒီဂိုဒေါင်နဲ့ ကိုက် ၅၀ လောက်အတွင်း ကျည်ဆန်ခွံနဲ့ အပျက်အစီးတွေ ပြန့်ကျဲနေတယ်လို့ ဆိုပါတယ်။