တရုတ်တွင် ရိုးရာပွဲအတွက် ကမ္ဘာတ၀န်းက အမြွှာ ၁၀၀၀ ကျော် စုဝေး (ရုပ်သံ)

889
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ခရိုင်က မိုဂျန်း စီရင်စုမှာ ဒေသဆိုင်ရာ ရိုးရာပွဲတော်ကို ကျင်းပဖို့ အတွက် မေ ၇ ရက်နေ့မှာ ကမ္ဘာတ၀န်းက အမြွှာ ၁ ထောင်ကျော် စုဝေးခဲ့ပါတယ်။
ဒီနောက် စုရုံးရောက်ရှိလာတဲ့ အမွှာတွေက ပြိုင်ပွဲတွေ ပျော်ပွဲရွှင်ပွဲတွေ စားသောက်ပွဲတွေကို ပျော်ပျော်ရွှင်ရွှင် ကျင်းပကြပါတယ်။
ဒါ့အပြင် အမြွှာတွေကို ကားနဲ့တင်ပြီး မြို့အတွင်း စီတန်းလှည့်လည် ကြပါတယ်။ ပွဲတော်မှာ အမွှာတွေ အများကြီးမြင်ရတာ စိတ်ကျေနပ်စရာကောင်းတယ်လို့ ပါဝင်ဆင်နွှဲတဲ့ အမြွှာတွေက ပြောပါတယ်။ ဒီလို စုဝေးတာရဲ့နောက်ကွယ်မှာ ဒဏ္ဍာရီဆန်တဲ့ ယုံကြည်မှုလည်း ရှိနေပါတယ်။
တကယ်တော့ ယူနန်ခရိုင်ဟာ ခွဲမရအောင်တူတဲ့ အမြွှာတွေ မွေးဖွားနှုန်းက ၂၅ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။
ဒီနှုန်းဟာ ကမ္ဘာမှာ ပျှမ်းမျှ သတ်မှတ်ထားတဲ့ နှုန်းထက်မြင့်နေတယ်လို့ တရုတ် စီစီတီဗွီသတင်းက ရေးပါတယ်။