မြစ်ထဲကျသွားသည့် အမျိုးသမီး ကားသမားကို ကယ်ဆယ် (ရုပ်သံ)

1.8K
တရုတ်နိုင်ငံ ဂျန်ဆုခရိုင်က ၀ူကျန်မြို့မှာ ကားတစီးနဲ့ တိုက်မိပြီး အမျိုးသမီး ကားမောင်းသမားက မြစ်ထဲကို မတော်တဆ မောင်းနှင်မိသွားပါတယ်။
မတော်တဆမှုကြောင့် အမျိုးသမီးက ဘရိတ်အစား လီဗာကို နင်းမိလျက်သား ဖြစ်ပါတယ်။ ကားက မြစ်အတွင်းကို တဖြည်းဖြည်းကျသွားရမှာ ဒေသခံ ၄ ဦးက ကားမောင်းတဲ့ အမျိုးသမီးကို အချိန်မီ ကယ်တင်နိုင်ခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဒီနေ့ ဖော်ပြပါတယ်။
ကူညီတဲ့သူ တဦးကတော့ တူကို ကိုင်ပြီး ရေထဲကို ခုန်ဆင်းကာ ကားမှန်တံခါးကို ခွဲလိုက်ပါတယ်။ ကားမောင်းတဲ့သူကို ဆယ်ယူတဲ့ အနီးနားက လူတယောက်က မှတ်တမ်းတင်ထားပါတယ်။
ဒေသခံရဲတွေရဲ့ အဆိုအရ ဖိအားကွာဟတဲ့ အတွက် ရေမြုပ်သွားတဲ့ ကားရဲ့ မှန်တံခါးကို ခွဲဖို့ ခက်ခဲသလို ကားမှန်ကို ပစ္စည်းတခုခုသုံးပြီးခွဲတာက အကောင်းဆုံး ရွေးချယ်မှုတခုလို့ ပြောပါတယ်။