ဗွီဒီယိုဂိမ်း ကစားသမားကို ၀က်စ်ဟမ်းအသင်း ခေါ်ယူ

821
အင်္ဂလန် ပရီးမီးယားလိဂ် ၀က်စ်ဟမ်းဟာ ကျွမ်းကျင်ဗွီဒီယိုဂိမ်း ကစားသမားကို ပထမဆုံး လက်မှတ်ရေးထိုး ခေါ်ယူလိုက်တဲ့ ကလပ် အသင်းတခု ဖြစ်လာပါတယ်။
ဂိမ်းကစားရင် ဒရက်ဂွန်လို့ အမည်ပေးထားတဲ့ အသက် ၂၄ နှစ်အရွယ် ရှောင်အလန်က ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ ဗွီဒီယိုဂိမ်းပြိုင်ပွဲမှာ ၀က်စ်ဟမ်းကို ကိုယ်စားပြုယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
၂၀၁၆ ဖီဖာ အင်တာအက်တစ် ကမ္ဘာဖလားပြိုင်ပွဲမှာ သူက ဒုတိယဆုရထားသူလည်း ဖြစ်ပါတယ်။
ကျောနံပါတ် ၅၀ ၀က်စ်ဟမ်းအသင်း ကိုယ်စားပြု အင်္ကျီကို ဗွီဒီယိုဂိမ်းပြိုင်ပွဲမှာ အလန်က ၀တ်ဆင် ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။
ကျွမ်းကျင် ဗွီဒီယိုဂိမ်း ကစားသမားတွေက ဗွီဒီယိုဂိမ်း ပြိုင်ပွဲအမြောက်အမြားကို ယှဉ်ပြိုင်ရပြီး ဆုအဖြစ် ပေါင် သန်းချီ ရရှိကြပါတယ်။
နယူးယောက်မှာကျင်းပတဲ့ ၂၀၁၆ ဖီဖာ အင်တာအက်တစ် ကမ္ဘာဖလားပြိုင်ပွဲမှာ ပေါင် ၁၃၈၅၀ သာ ချီးမြင့်ပေမယ့် လူ ၁.၂ သန်း လာရောက်ကြည့်ရှုခဲ့ပါတယ်။