A d v e r t i s e m e n t With Us

စင္ကာပူ-ၾသစေၾတးလ် သမိုင်းဝင်သဘောတူညီချက်ရရှိ

စင်ကာပူနဲ့ သြစတြေးလျနိုင်ငံတို့ဟာ နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ လုံခြုံရေး။ အနုပညာနဲ့ ယဉ်ကျေးမှုကဏ္ဍတွေမှာ ပိုမိုနီနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကြဖို့ သမိုင်းဝင် စာချုပ်တခုကို လက်မှတ်ထိုးခဲ့ကြတယ်လို့ ဒီကနေ့ထုတ် စထရိတ်တိုင်းသတင်းစာက ရေးပါတယ်။ ဒီစာချုပ်အရ စင်ကာပူတပ်ဖွဲ့ဝင်တွေ သြစတြေးလျှနိုင်ငံမှာ ၂၅ နှစ်အထိ သင်တန်းတက်လေ့ကျင့်နိုင်ကြမှာဖြစ်ပြီး လက်ရှိ တနှစ်မှာ တပ်ဖွဲ့ဝင် ၆၀၀၀ အထိ စေလွှတ်လေ့ကျင့်ရာကနေ ၁၄၀၀၀ ထိ တိုးမြှင့်စေလွှတ်လေ့ကျင့်နိုင်မှာဖြစ်ပါတယ်။ ၂ နိုင်ငံအတွင်း စစ်တပ်အရာရှိနဲ့ အရပ်ဘက် အရာရှိတွေ ဖလှယ်မှု တိုးမြှင့်မှာလည်း ဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး နယ်ပယ်မှာ ထောက်လှမ်းရေးနဲ့ သတင်းအချက်အလက် ဖလှယ်မှုတွေကို အားဖြည့်မယ်လို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ စင်ကာပူနိုင်ငံကို မိတ်ဘက်ကုန်သွယ်ရေးနိုင်ငံအဖြစ် အားပေးတဲ့ ကုန်သွယ်မှုနဲ့  ရင်းနှီးမြှုပ်နှံမှု စီးဆင်မှုကောင်းစေဖို့ကိစ္စတွေကို ဆောင်ကျဉ်းတဲ့ ၂၀၀၃ ခုနှစ် ကုန်သွယ်ရေးသဘောညီချက်ကိုလည်း ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။ ဒါ့အပြင် စင်ကာပူနိုင်ငံသားတွေအဖို့ သြစတြေးလျနိုင်ငံကို သွားရောက်ရင် ဗီဇာလျောက်စရာမလိုအပ်တော့ဘဲ ၁၂ လထိနေထိုင်ခွင့်ရမှာဖြစ်ပါတယ်။ ဒီသဘောတူညီချက်ဟာ ဒီလကုန်မှာသွားမယ့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ သြစတြေးလျှနိုင်ငံ အလည်အပတ်ခရီးစဉ်အကြို သဘောတူညီချက်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီခရီးစဉ်ကို ဇူလိုင်လဆန်းကို ရွှေ့ထားပါတယ်။ ဒီသမိုင်းဝင်သဘောတူညီချက်ရရှိနိုင်တဲ့အတွက် သူဝမ်းမြောက်ကြောင်းနဲ့ အခုလို နှစ်ဘက်စလုံး အကျိုးရှိစေမယ့် သဘောတူညီချက်ဟာ နှစ်နိုင်ငံကြားခိုင်မြဲတဲ့ ဆက်ဆံရေးတွေဖြစ်ထွန်းလာစေမှာဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှင်လွန်းက သတင်းထုတ်ပြန်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up