ကင်မရွန်း အလယ်တန်းကစားသမား ပွဲကစားနေစဉ် လဲကျသေဆုံး

ရိုမေးနီးယားကလပ် ဒိုင်နမို ဘူချာရက်စ်နဲ့ ကင်မရွန်းအလယ်တန်း ကစားသမား ပက်ထရစ် အီကန်ဟာ ဘောလုံးကစားနေစဉ် ကွင်းအတွင်းမှာ လဲကျပြီးနောက် သေဆုံးသွားပါတယ်။ မေ ၆ ရက်နေ့က အသက် ၂၆ နှစ်အရွယ် အီကန်ဟာ ရိုမေးနီးယားလိဂ်ပြိုင်ပွဲအဖြစ် ဗီတိုယုအသင်းနဲ့ ကစားနေစဉ် ဒုတိယပိုင်း မိနစ် ၇၀ မှာ နှလုံးရောဂါကြောင့် လဲကျသွားပါတယ်။ နောက်ပိုင်း ဆေးရုံရောက်ပြီး ၂ နာရီအကြာမှာတော့ သေဆုံးသွားတဲ့ သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ကင်မရွန်း ဘောလုံးအဖွဲ့ချုပ်က သေဆုံးကြောင်း လူမှုရေးကွန်ရက် တွစ်တာပေါ်ကနေ အတည်ပြုခဲ့သလို အီကန်ရဲ့ ကလပ်ဟောင်း ကော်ဒိုဘာကလည်း ဆုံးရှုံးမှုကို ပြောပြဖို့ စကားလုံးမရှိ ဖြစ်ခဲ့တယ်လို့ ရေးပါတယ်။ ၂၀၀၃ ခုနှစ်ကလည်း ပြင်သစ်မှာကျင်းပတဲ့ တိုက်ကြီးများ ချန်ပီယံပြိုင်ပွဲမှာ ကိုလံဘီယာ အသင်းနဲ့ ကစားစဉ် ကင်မရွန်း လက်ရွေးစင်  ဗီဗီယန်ဖိုး လဲကျသေဆုံးသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up