တရုတ်ဆေးရုံများ လိမ်လည်သည့်နည်းလမ်းများ မသုံးကြရန် အမိန့်ထုတ်

1.7K
တရုတ်နိုင်ငံ ဆေးရုံတွေအားလုံး အပြင်ဆေးခန်းနဲ့ ချိတ်ဆက်ပြီး လူနာ အလွှဲအပြောင်း မလုပ်ဖို့၊ လိမ်လည်လှည့်ဖြားတဲ့နည်းလမ်းနဲ့ မကြော်ငြာကြဖို့ အမျိုးသား ကျန်းမာရေးနှင့် မိသားစု စီမံကိန်း ကော်မရှင်က မေ ၅ ရက်နေ့က အမိန့်ထုတ်လိုက်ပါတယ်။
အရင်လက ကင်ဆာရောဂါ ခံစားနေရတဲ့ လူငယ်တဦး မထိရောက်တဲ့ ကုသမှု ခံယူခဲ့ပြီး သေဆုံးသွားတဲ့နောက်မှာ နိုင်ငံရဲ့ ကျန်းမာရေး ဆိုင်ရာအမြင့်ဆုံး အာဏာပိုင်အဖွဲ့က အခုလို အမိန့်ထုတ်လိုက်တာပါ။
ကုရခက်တဲ့ ကင်ဆာရောဂါ ခံစားခဲ့ရတဲ့ အသက် ၂၁ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတဦး ဆေးရုံတရုံက ရောဂါပျောက်အောင် ကုသပေးမယ်လို့ အာမခံ ကုသခံပေမယ့် နောက်ဆုံး သေဆုံးခဲ့တာပါ။
ဒါပေမယ့် တကယ်တမ်း လူနာကို ဖူဂျန် ပြည်နယ်ထဲမှာရှိတဲ့ ပူတန်မြို့ဆေးရုံက လက်ခံ ကုသပေးခဲ့တာမဟုတ်ဘဲ အပြင်ဆေးခန်းတခုဆီကို လွှဲခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
ဆေးရုံကလည်း နာမည်ပျက်နေတဲ့ ဆေးကုမ္ပဏီတခုရဲ့ ကြော်ငြာကို ယုံပြီး လွှဲပေးခဲ့တာလို့ ဆိုပါတယ်။
တရုတ်နိုင်ငံမှာ ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးရုံဆေးခန်းတွေကို လိမ်လည် ကြော်ငြာတာတွေ ဆိုးဆိုးရွားရွား ရှိခဲ့လို့ မနှစ် စက်တင်ဘာလကစလို့ ဥပဒေအသစ် ပြဋ္ဌာန်းပြီး နှိမ်နင်းဖို့ ကြိုးစားနေရပါတယ်။