A d v e r t i s e m e n t With Us

ထိုင်းနိုင်ငံထုတ် Kone အလှကုန် သုံးစွဲရန် မသင့်ဟု ကျန်းမာရေး ကြေညာ

ထိုင်းနိုင်ငံထုတ် Kone’ Facial Cream - Sunscreen Lotion အမှတ်တံဆိပ် နေလောင်ခံလိမ်းဆေးတမျိုးမှာ တားမြစ်ဓာတု ဆေးပါနေတဲ့အတွက် အများပြည်သူသုံးစွဲရန် မသင့်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သတင်းထုတ်ပါတယ်။ Hydroquinone ဆိုတဲ့ ဓာတုဆေး ပါနေလို့ အဲ့ဒီ အလှကုန်ပစ္စည်းကို အများပြည်သူလူထု သုံးစွဲခြင်းမပြုကြဖို့နဲ့ ပြည်တွင်းဈေးကွက်မှာ တင်သွင်း၊ ဖြန့်ဖြူးရောင်းချနေမှုတွေကို တွေ့ရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေပုဒ်မ ၃၊ အပိုဒ် (၃) (ဃ)အရ အရေးယူဆောင်ရွက်သွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up