Home
မြန်မာသတင်း
စာနာမှုကို ပြသမည့် ပွေ့ဖက်ခြင်း အစီအစဉ်ကို လူငယ်တစု စတင်
ပိုင်စိုး
·
May 7, 2016
စာနာမှုကို ပြသနိုင်ဖို့ နှစ်သိမ့်ပွေ့ဖက်တဲ့ ဓလေ့ကို ပြန်ဖော်ထုတ်တဲ့အနေနဲ့ Free Hug ဆိုတဲ့ အစီအစဉ်တစ်ခုကို လူငယ်တစုက ဦးဆောင်စီစဉ်နေပါတယ်။ “နည်းပညာခေတ်ကြီးမှာ ကျနော်တို့ဟာ နီးလာတာတွေရှိသလို ဝေးသွားတာတွေရှိတယ်။ ၉၀ ပြည့်နှစ် တွေမှာ like တွေမရှိသေးဘူး။ Reaction တွေမရှိဘူး။ လူတစ်ယောက်ကို ပွေ့ဖက်ပြီး နှစ်သိမ့်ကြတာဟာ တခုတည်းသော စာနာမှုကိုပြတဲ့ နည်းလမ်းဖြစ်တယ်ဆိုတာ ပြန်လည် သတိရ စေချင်လို့ ဖြစ်ပါတယ်”လို့ စီစဉ်သူတွေက ဆိုပါတယ်။ “ဒီအတွက် လုပ်အားပေးကူညီမယ့်သူတွေက ပွေ့ဖက်ခံကြမှာဖြစ်ပြီး အထီးကျန်နေတဲ့သူတွေ၊ ၀မ်းနည်းနေတဲ့သူတွေ၊ ပျော်ရွှင်နေတဲ့သူတွေကို နှစ်သိမ့်ပေးကြမှာ ဖြစ်ပါတယ်” လို့ စီစဉ်သူတဦးဖြစ်တဲ့ ကိုရန်နိုင်ဦးက ပြောပါတယ်။ လူတဦးကို နွေးနွေးထွေထွေးဖက်လိုက်တဲ့အခါ ရင်းနှီးမှု၊ ပျော်ရွှင်မှုတွေအပြင် နှစ်ဦးလုံး အထီးကျန်တဲ့ ခံစားချက်တွေ ပျောက်သွားမယ်ဆိုတာ သေချာတယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။ ဒီအစီအစဉ်ကို မေလ ၈ ရက်၊ တနင်္ဂနွေနေ့ ညနေပိုင်း ၄ နာရီကနေ ၅ နာရီလောက်အထိ လှည်းတန်းကုန်းတံတားအောက်မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဒီအစီအစဉ်အောင်မြင်ခဲ့ရင် နောက်တစ်ပတ်မှာတော့ ရန်ကုန်က နေရာ နှစ်ခုလောက်မှာ ဆက်လုပ်သွားမယ်လို့လည်း ကိုရန်နိုင်ဦးက ပြောပါတယ်။ ဒီပွဲဟာ လာမယ့် ၂၉ ရက်နေ့မှာ ပြုလုပ်မယ့် ၉၀ ပြည့်နှစ်တွေဆီက ခံစားမှု၊ အဖြစ်အပျက်တွေကို ဖန်တီးကြမယ့် 90s' Kids ကို မိတ်ဆက်မယ့်ပွဲလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024