မြောက်ကိုရီးယား အာဏာရပါတီ ညီလာခံ စတင်

ဓာတ်ပုံ - ရိုက်တာ
မြောက်ကိုးရီးယားနိုင်ငံက နှစ်ပေါင်း ၃၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အာဏာရ အလုပ်သမားပါတီရဲ့ ညီလာခံကို ဧပြီ ၆ ရက်မှာ ကျင်းပပါတယ်။ ခေါင်းဆောင် ကင်ဂျုံအန်းက သူ့ရဲ့ ရာထူးအာဏာကို ပိုမိုခိုင်မာစေဖို့ ကျင်းပတဲ့ ညီလာခံကို ထောင်နဲ့ချီတဲ့ ကိုယ်စားလှယ်တွေက တက်ရောက်နေပါတယ်။ ဆွေးနွေးပွဲမှာ ကွန်မြူနစ်ပါတီရဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်မယ့် ပေါ်လစ်ဗျူရိုအဖွဲ့ဝင်တွေကို ခန့်အပ်မယ့် ဗဟိုကော်မတီကို ရွေးချယ်မှာ ဖြစ်ပါတယ်။ ဒီလိုခန့်အပ်ရာမှာတော့ လက်ရှိခေါင်းဆောင်ကို သစ္စာစောင့်သိတဲ့သူတွေကို ရာထူးကြီးကြီး ပေးသွားမယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။ ကင်ဂျုံအန်းရဲ့နှမ ကင်ယိုဂျောင်းကတော့ ခန့်အပ်ခံရမယ့် စာရင်းမှာ ရှေ့ဆုံးကနေ ပြေးနေတယ်လို့ ဆိုပါတယ်။ မြို့တော် ပြုံယမ်းရဲ့ မြို့လယ်က ရင်ပြင်မှာ နိုင်ငံသားတွေက ပန်းတွေကို ခင်းထားသလို အလုပ်သမားပါတီနဲ့ နိုင်ငံတော်အလံတွေကလည်း လမ်းတွေမှာ ထောင်ထားပါတယ်။ ကျင်းပတဲ့ညီလာခံမှာ လျှို့ဝှက်မှုတွေက ကားဆီးနေသလို နိုင်ငံခြားသတင်းထောက် ၁၀၀ လောက်ကို ဖိတ်ကြားထားပေမယ့် ကျင်းပတဲ့နေရာကို ၀င်ခွင့်မပေးသလို သတင်းထောက်တွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။ ၁၉၈၀ ခုနှစ်မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့တာဖြစ်ပြီး အခုကတော့ ၇ ကြိမ်မြောက် ကျင်းပတာ ဖြစ်ပါတယ်။ မကြာခင်မှာ မြောက်ကိုရီးယားက ၅ ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုတွေ ထပ်မံလှုပ်ဆောင်မယ်လို့လည်း ခန့်မှန်းမှုတွေ ထွက်ပေါ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up