A d v e r t i s e m e n t With Us

ရန်ကုန်မြို့ လျှပ်စစ်မီး မကြာခဏ ပျက်နေမှုကြောင့် ပြည်သူများ အခက်ကြုံ

အခုရက်ပိုင်းတွင်းမှာ ရန်ကုန်မြို့နဲ့ တခြားတိုင်းဒေသတော်တော်များများမှာ မီးပျက်တာတွေ ပိုများလာခဲ့လို့ ပြည်သူတွေ အခက်ခဲ ကြုံတွေ့နေရပါတယ်။ အရင်က မီးပျက်ရင် ခဏတဖြုတ်မီးပျက်ပြီး ပြန်လာတတ်ပေမယ့်လည်း အခုရက်ပိုင်းမီး ပျက်ရင် ၁ နာရီ ၂ နာရီကျော် ကြာမြင့်လာပါတယ်။ ခုလို မီးခဏခဏပျက်ပြီး မီးပျက်ချိန်ကြာလာတာနဲ့ ပတ်သက်လို့ ဗိုလ်တထောင်မြို့နယ်မှ ဦးမြင့်က “ပြည်သူတွေအနေနဲ့ တမြို့လုံးတနိုင်ငံလုံး မှောင်ကျသွားတဲ့ ကိစ္စ္စတွေက သိပ်ပြီးတော့ အရေးကြီးတဲ့ကိစ္စ္စဖြစ်တယ်။ အဲဒါကို မဖြစ်စေချင်ဘူး။ ရန်ကုန်မှာလည်း back up တွေ ရှိနေတာပဲ။ သာကေတ၊ ရွှေပြည်သာ၊ လှော်ကားမှာ စက်တွေကလည်း ဘယ်လောက်မဂ္ဂါဝပ် ဆိုတာ ရှိနေတာပဲ။ ဒါပေမယ့် အဲဒါတွေကနေပြီးတော့ functionally back up လုပ်ပေးနိုင်သလား။ လုပ်နေသလားဆိုတာ အကြမ်းပဲသိတဲ့ လူပြိန်းအနေနဲ့ တွေးတောတဲ့အခါမှာ မလုပ်ကြဘူးဆိုတဲ့ပုံစံမျိုး ဖြစ်နေတယ်လို့ မြင်တယ်” လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။ အရင်က မီးပျက်တာတွေရှိပေမယ့် အခုလိုအချိန်ကြာ မီးပျက်တာမျိုးမရှိခဲ့ပါဘူး။ ခုလို အချိန်ကြာမြင့်စွာ မီးပျက်တာနဲ့ပတ်သက်ပြီး အိမ်ရှင်မတဦးက သူ့ရဲ့အမြင်ကို ခုလိုပြောပါတယ်။ “အရေးကြီးတာက အလုပ်တွေလည်းနှောင့်နှေးတယ်။ ကိုယ့်ဆီမှာလည်း သားသမီးတွေက အကုန်လုံးဝန်ထမ်းတွေချည်းပဲ ဆိုတော့လေ။ မီးပျက်သွားတော့ သူတို့တွေလည်း အလုပ်လုပ်ရတာ စိတ်အနှောင့်အယှက်ဖြစ်တာပေါ့။ အိပ်ရေးပျက်ပြီဆို အလုပ်ပါအနှောင့်အယှက်ဖြစ်ကုန်တယ်” လို့ လသာမြို့နယ်မှ ဒေါ်ခင်သီတာက ပြောပါတယ်။ အစိုးရက လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်း လွှဲပြောင်းပေးတာ ၁ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ပုဂ္ဂလိက လုပ်ငန်းတွေဘက်က လျှပ်စစ်မီးနဲ့ပတ်သက်ပြီး ဝန်ဆောင်မှုတွေ အားနည်း နေတယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကုမ္ပဏီတွေဘက်က ရာသီဥတုအခြေအနေကြောင့် ပင်မဓာတ်အားလိုင်းက လျှပ်စစ်မီးပြတ်တောက်တာလို့ ပြောဆိုထားပါတယ်။ ခိုင်ပန်းနု

A d v e r t i s e m e n t With Us

More News
Up