A d v e r t i s e m e n t With Us

ထိုင်းဘုရင် နန်းတက်ပွဲနေ့ အခမ်းအနား ကျင်းပ

ဓာတ်ပုံ - ရိုက်တာ
ထိုင်းဘုရင် ဘူမီဘော အဒူရာဒက်ရဲ့ နန်းတက်ပွဲနေ့ အခမ်းအနားကို ဘန်ကောက်မြို့တော် နန်းတော်မှာ မေလ ၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ထိုင်းအိမ်ရှေ့စံ မင်းသား Vajiralongkorn ဦးဆောင်တက်ရောက်ခဲ့ပြီး ထိုင်းတော်ဝင်မိသားစုတွေနဲ့ အစိုးရအကြီးအကဲတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ထိုင်းဘုရင် ဘူမီဘောဟာ ပြီးခဲ့တဲ့နှစ် မေလကစပြီး ဆေးရုံတက်ရောက်နေတာပါ။ သက်တော် ၆၃ နှစ်ရှိပြီဖြစ်တဲ့ အိမ်ရှေ့မင်းသားကို အသားပေးဖော်ပြမှုတွေ ထိုင်းနိုင်ငံမှာ ပိုမိုတွေ့မြင်နေရပြီး အနှစ် ၇၀ နီးပါးအတွင်း ပထမဆုံး ထီးနန်းအလွှဲအပြောင်းအတွက် ပြင်ဆင်နေတာပါ။ ထိုင်းနိုင်ငံဟာ ၁၉၃၂ စည်းမျဉ်းခံဘုရင်စနစ်ကို စတင်ကျင့်သုံးခဲ့ပြီးနောက်ပိုင်း အာဏာသိမ်းမှု၊ အာဏာသိမ်းဖို့ ကြိုးစားမှု ၁၉ ကြိမ် ဖြစ်ပွားခဲ့ပြီး အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲမှု အနည်းဆုံး ၁၉ ကြိမ် ရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up