မြန်မာသမ္မတကို လာအိုနိုင်ငံက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို (ရုပ်သံ)
DVB
·
May 6, 2016
မြန်မာသမ္မတဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာအစိုးရ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ဒီနေ့ မနက်ပိုင်းက လာအိုနိုင်ငံသမ္မတ မစ္စတာ ဘွန်ညံဗိုရာချစ်က ဂုဏ်ပြုတပ်ဖွဲ့ အခမ်းအနားနဲ့ ကြိုဆိုခဲ့ကြပါတယ်။
မြန်မာ-လာအို ၂ နိုင်ငံ ခေါင်းဆောင်အဖွဲ့တွေက ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ပညာရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဆိုင်ရာ ကိစ္စတွေကို တိုင်ပင်ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။