Home
မြန်မာသတင်း
လူများ၏ စာရိတ္တကို ပြုပြင်မည့် မန္တလေးမြို့က ရောင်းသူမဲ့ဆိုင်များ
DVB
·
May 6, 2016
မန္တလေးမြို့မှာ ရောင်းသူမဲ့ အအေးဆိုင်တွေဖွင့်ပြီး လူတွေရဲ့ စာရိတ္တတွေကို ပြုပြင်ပေးဖို့ ကြိုးစားတဲ့ လှုပ်ရှားမှု စတင်နေပါတယ်။ မန္တလေးမြို့မှာ မေ ၂ ရက်နေ့ကစတင်ပြီး ၃၅ လမ်း၊ လမ်း ၇၀ နဲ့ ၇၁ လမ်း ကြားမှာ ရောင်းသူမဲ့အအေးဆိုင်ကို စတင်ရောင်းချခဲ့တာပါ။ ရောင်းသူမဲ့ အအေးဆိုင်စတင်သူ စိုင်းနေမျိုးမောင်မောင်က     “အဓိကကတော့ ပစ္စည်းရောင်းချင်တာ မဟုတ်ဘူး။ လူတွေရဲ့ ကိုယ်ကျင့်တရား ကို ကောင်းတဲ့ဘက်ကို ပိုရောက်စေ ချင်တာ။ အဲ့တော့ ကျနော်က မေလ ၂ ရက်နေ့ ကစပြီးတော့ ဗီနိုင်းတွေသွားထုတ်၊ ဗီနိုင်းတွေဆင်၊ ရေသန့်ဘူးတွေ၊ အအေးတွေထည့် စရောင်းတာပေါ့နော်။” ပထမရက်မှာ ငွေတချို့ပျောက်ဆုံးခဲ့တာရှိပေမယ့် နောက်ရက်တွေမှာတော့ ငွေပျောက်ဆုံးတာ မရှိတော့ဘူးလို့ပြောပါတယ်။ ရောင်းသူမဲ့ဆိုင် ဖွင့်ထားတဲ့ မန္တလေးမြို့နေ ကိုလှိုင်က “မနေ့ကရောင်းတာ အားလုံး ၁၇၁၀၀ ဖိုးရောင်းရတယ်။ ဒါပေမယ့် ၁၇၄၀၀ ရတယ်။ ၃၀၀ တောင်ပိုသွားသေးတယ်။ အကျင့်စာရိတ္တတွေ ကောင်းပါတယ်” လို့ ပြောပါတယ်။ အခုအအေးဆိုင်ဟာ လူမှုကွန်ရက်ကနေ စတင်ပျံ့နှံ့လာပြီး မန္တလေးမှာ ၅ ဆိုင်ထိ ရှိနေပါပြီ။ ၀ယ်ယူခဲ့သူတဦးဖြစ်တဲ့ ပုသိမ်ကြီးမြို့နယ် မ၀တ်ရည်အေးက        “ကျနော်တို့နဲ့ တနှစ်ကွာတဲ့ကလေးတွေရဲ့ ဆက်ဆံတဲ့ပုံကော၊ လူကြီးတွေအပေါ် ဆက်ဆံနေတဲ့ပုံကော၊ စာရိတ္တတွေကော အဲ့လိုမျိုးပေါ့။ ဒီလိုမျိုးလေး ထားပေးလိုက်တော့ ကလေးတွေရဲ့စာရိတ္တ၊ လူတွေရဲ့စာရိတ္တတွေ ပိုပြီးကောင်းမွန်လာနိုင်တာပေါ့နော်။” မန္တလေးမှာပဲ နောက်ထပ်နှစ်ဆိုင် တိုးချဲ့ရောင်းချဦးမှာဖြစ်သလို ရန်ကုန်မြို့က ဗဟိုစည်အိမ်ယာနဲ့ ပြည်၊ ကသာ၊ မုံရွာတွေဘက်မှာလည်း ဆက်လက်ဖွင့်လှစ်ဦးမယ်လို့ စိုင်းနေမျိုးမောင်မောင် က ပြောပါတယ်။ “အဓိကကတော့ ဒီဟာက Facebook Social Media ကြောင့်ပေါ့နော်။ ကျနော်က Public ဖွင့်ပြီးတင်တဲ့အခါကျတော့ တော်တော်များများ ကျယ်ကျယ်ပြန့်ပြန့် သိသွားတယ်ပေါ့။ လူထုကစိတ်ဝင်စားလေ Share တဲ့သူကများသွားတယ်။ များသွားတော့ တချို့ကလည်း ‘ကျနော်လည်းဖွင့်ချင်တယ်’ ပေါ့နော်။ ရတယ်ညီလေး ဘယ်နားမှာဖွင့်ချင်လဲ ဖွင့်၊ အစ်ကိုတို့က ဗီနိုင်းနဲ့ ရေပုံးခွံ အလကားပေးမယ်။ ကျန်တာကတော့ ညီလေးတို့ဝယ်ပြီးတော့ ကိုယ်အဆင်ပြေတာကိုရောင်းပေါ့။” မန္တလေးမှာ ရောင်းချတဲ့အမြတ်ငွေတွေကိုတော့ မူလစတင်ရောင်းချသူ ကိုဝမ်းရဲ့ ပရဟိတလုပ်ငန်းတခုဖြစ်တဲ့ မန္တလေးဆေးရုံကြီးမှာ တက်ရောက်ဆေးကုသနေသူထဲက ငွေကြေးချို့တဲ့တဲ့ လူနာတွေကို လှုဒါန်းမယ်လို့ပြောပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024