A d v e r t i s e m e n t With Us

ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းတင်သွင်း

မေလ ၆ ရက်နေ့ အမျိုးသားလွှတ်တော်မှာ အစိုးရမဟုတ်တဲ့ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးမင်းဦးက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို တင်သွင်းခဲ့ပါတယ်။ ဒီဥပဒေကို ၂၀၁၂ ခုနှစ်မှာ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁ အနေနဲ့ ပြဌာန်းခဲ့ပြီး ၂၀၁၂ ခုနှစ်တွင်းမှာပဲ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၇ အဖြစ် ပထမအကြိမ်၊ ၂၀၁၆ ခုနှစ်မှာ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၁၃ အဖြစ် ဒုတိယအကြိမ်အဖြစ် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်းမှာပဲ ၂ ကြိမ် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါတယ်။ အခု အမျိုးသားလွှတ်တော်မှာ တတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေအနေနဲ့ အဆိုတင်သွင်းတာ ဖြစ်ပါတယ်။ အခုလို တတိယအကြိမ် ပြင်ဆင်ပြဋ္ဌာန်းရတဲ့ ရည်ရွယ်ချက်က ပါတီစုံဒီမို ကရေစီစနစ်နဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးတွေ ရွေးချယ်ခန့်အပ်နိုင်ဖို့နဲ့ ဒီလိုရွေးချယ်ခန့်အပ်တာမှာ ပြည်သူ့ဆန္ဒသဘောထားနဲ့အညီ ရှင်းလင်း လွယ်ကူစွာ ဆောင်ရွက်သွားနိုင်ဖို့ ဖြစ်တယ်လို့ ဦးမင်းဦးက ပြောပါတယ်။ ဒါ့အပြင် နိုင်ငံသားတွေအနေနဲ့ မိမိနေထိုင်တဲ့ မြို့နယ်ကနေ တခြားမြို့ နယ်တွေကို သွားရောက်ရင် ဧည့်စာရင်း တိုင်ရတဲ့ကိစ္စဟာ ဒီမိုကရေစီ စံချိန်စံညွန်းတွေနဲ့လည်း မကိုက်ညီ သလို နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကိုလည်း ထိခိုက်တဲ့အတွက် ပြင်ဆင်ဖို့ သုံးသပ်ချက် တင်ထားတယ်လို့ ဆိုပါတယ်။ ဒီဥပဒေကို ဆွေးနွေးအတည်ပြုပြီးရင်တော့ နိုင်ငံသားတွေ အနေနဲ့ ဧည့်စာရင်းတိုင်ဖို့ မလိုအပ်တော့ဘဲ နိုင်ငံခြားသားတွေ အနေနဲ့ ကတော့ အုပ်ချုပ်ရေးမှုးတွေကို အသိပေးရတာမျိုးတော့ ရှိမယ်လို့ ပြောပါတယ်။ ဒီဥပဒေကြမ်းကို ကိုယ်စားလှယ်တဦးက ထောက်ခံခဲ့ပြီး လက်ခံဆွေးနွေးဖို့ သဘောမတူသူ မရှိတဲ့ လက်ခံဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up