ကုန်လှောင်ရုံ ပေါက်ကွဲမီးလောင် (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု တက္ကဆက်မြို့အနီးက ကုန်လှောင်ရုံဝင်းမှာ ပေါက်ကွဲပြီး မီးလောင်မှု ဧပြီ ၅ ရက်က ဖြစ်ပွားခဲ့ပါတယ်။ မီးကြောင့် အနီးပတ်ဝန်းကျင်မှာ မည်းမှောင်တဲ့ မီးခိုတွေ ပိတ်ဖုံးနေပြီး အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ထည့်ထားတဲ့ ပုံးတွေ မီးလောင်ပေါက်ကွဲတဲ့ အသံကလည်း ဆူညံနေပါတယ်။ အနီးနားက အိမ်မီးလောင်ရာကနေ ကုန်လောင်ရုံကို မီးက လောင်ကျွမ်းကူးစက်ခဲ့တာ ဖြစ်ပြီး မီးသတ်သမား ၂၀၀ လောက် မီးငြှိမ်းသတ်ဖို့ ကြိုးစားခဲ့ရပါတယ်။ မီးလောင်ရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေပါတယ်။ အခုမီးလောင်တဲ့ ၀င်းထဲမှာ တခြား စီးပွားရေးလုပ်ငန်းတွေလည်း လုပ်ဆောင်နေတာ ရှိပါတယ်။ အနီးပတ်ဝန်းကျင်က အိမ်တွေကလည်း ပေါက်ကွဲမှုကြောင့် သိမ့်သိမ့်တုန်နေတယ်လို့ ပြောပါတယ်။ ဂိုဒေါင်အနီးမှာ ကျောင်းတွေရှိပြီး ရွှေ့ပြောင်းထားရသလို မီးကြောင့် ဓာတုပစ္စည်းတွေ ပေါက်ကွဲတာကို စောင့်ကြည့်ဖို့ အဖွဲ့တဖွဲ့လည်း ရောက်ရှိနေပါတယ်။ မီးကြောင့် တစုံတရာ ထိခိုက်ဒဏ်ရာရတာ မရှိသေးသလို လက်ရှိမှာတော့ မီးကို ထိန်းချုပ်လို့ ရသွားပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up