ငွေအမြောက်အမြား သုံးထားသည့် တရုတ်ကလပ် အာရှချန်ပီယံလိဂ်မှ ထွက်ရ

ဂျန်ဆုကစားသမား အဲလက်စ် တက်ဇီးယား(ယာ) နှင့် ရာမီရက်စ်။ (ဓာတ်ပုံ - Getty Images)
1.9K
ငွေကြေးအမြောက်အမြား သုံးထားတဲ့ တရုတ်ကလပ် ဂေါင်ဇူးအဲဗားဂရင်းနဲ့ ဂျန်ဆု ဆန်းနင်း ကလပ်တို့ဟာ အာရှ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ လှည့်ပြန်သွားရပါတယ်။
စကိုလာရီရဲ့ ဂေါင်ဇူးအသင်းက ပေါင် ၃၁ သန်းနဲ့ ဂျေဆင်မာတီနက်ဇ်ကို ခေါ်ယူထားသလို ပေါင် ၁၀ သန်းနဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ် ကစားသမားဟောင်း ပေါ်လင်ဟိုတို့ကို ခေါ်ယူထားတာပါ။
ဂျန်ဆုအသင်းကတော့ ပေါင် ၃၈ ဒသမ ၄ သန်းနဲ့ လီဗာပူးက ပစ်မှတ်ထားနေတဲ့ အဲလက်စ် တက်ဇီးယားကို ခေါ်ယူထားသလို ပေါင် ၂၅ သန်းနဲ့ ချဲလ်ဆီး ကစားသမား ရာမီရက်စ်ကို ခေါ်ယူထားပါတယ်။
အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲရင် ဖီဖာ ကမ္ဘာ့ကလပ်အသင်းများ ချန်ပီယံပြိုင်ပွဲကို ၀င်ရောက်ကစားနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိ အာရှကလပ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တရုတ်အသင်း ၂ သင်းကတော့ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာ ဂေါင်ဇူးအသင်းက အာရှချန်ပီယံ ဖြစ်ဖူးသလို ဂျန်ဆုကလည်း တရုတ် စူပါလိဂ်မှာ ထိပ်တန်းကလပ်အသင်း ဖြစ်ပါတယ်။
တရုတ်စူပါလိဂ် ၇ ပွဲကစားထားခဲ့ပြီး ရှန်ဟိုင်းကလပ်မှာ ကစားနေတဲ့ ချဲလ်ဆီးနဲ့ နယူးကာဆယ် ကစားသမား ဒမ်ဘာဘာကတော့ ထိပ်တန်း ဂိုးသွင်းသမား ဖြစ်နေပါတယ်။