A d v e r t i s e m e n t With Us

ဇနီးကိုသတ်ပြီး မီးသင်္ဂြိုဟ်ရန် တွန်းလှည်းဖြင့် သယ်ဆောင်လာသူ ဖမ်းဆီးခံရ

ထိုင်းအမျိုးသားတဦးဟာ ဇနီးဖြစ်သူကို သတ်ခဲ့ပြီးနောက် အလောင်းကို မီးသင်္ဂြိုဟ်ဖို့ ဒေသတွင်းဘုရားကျောင်းတခုဆီ တွန်းလှည်းနဲ့ သယ်ဆောင်ခဲ့ချိန်မှာ သံသယရှိလို့ စစ်ဆေးခဲ့ချိန်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ မေ ၄ ရက်နေ့က အဲဒီအမျိုးသားဟာ ဘုရားကျောင်းဆီ ရောက်လာခဲ့ချိန်မှာ အသုဘ အခမ်းအနား စီစဉ်သူတွေက သူ့ကို သံသယရှိခဲ့တဲ့အတွက် ရဲတွေကို အကြောင်းကြားစစ်ဆေးခဲ့တာလို့ ထိုင်းအခြေစိုက် တနန်းကော့တ်သတင်းမှာ ဖော်ပြပါတယ်။ ရဲတွေက စစ်ဆေးခဲ့ချိန်မှာ သူဟာ ဇနီးသည်ကို လက်နှိပ်ဓာတ်မီးနဲ့ အကြိမ်ကြိမ် ရိုက်သတ်ခဲ့တယ်လို့ ထွက်ဆိုပါတယ်။ ဘန်ကမ်းခရိုင်မှာ နေထိုင်သူ အသက် ၄၁ နှစ်အရွယ် အဆိုပါအမျိုးသားဟာ ဇနီး ဖြစ်သူနဲ့အတူ ပစ္စည်းဟောင်းတွေ ရောင်းဝယ်တဲ့အလုပ်ကို လုပ်နေသူဖြစ်ပြီး မေလ ၃ ရက်နေ့ ညနေပိုင်းမှာ အရက်အတူတူသောက်ရင်း စကားများရန်ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သူဟာ ဇနီးဖြစ်သူကို လက်နှိပ်ဓာတ်မီးနဲ့ ၂ ကြိမ် ၃ ကြိမ်လောက်ရိုက်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနောက်တော့ သူတို့ဟာ အိပ်ပျော်သွားခဲ့ပြီး ည ၂ နာရီလောက်မှာ တရေးနိုးချိန်မှာ ဇနီးဖြစ်သူသေဆုံးနေတာကို တွေ့ရှိရတာလို့ ဆိုပါတယ်။ သူဟာ ဇနီးဖြစ်သူရဲ့အလောင်းကို အ၀တ်နဲ့ ထုပ်ပိုးသယ်ဆောင်ပြီး တွန်းလှည်းနဲ့ ထည့်ပြီး ဆိုင်ကယ်နဲ့ ဘုရားကျောင်းဆီ သယ်ဆောင်လာခဲ့တာပါ။ ဘုရားကျောင်းကိုတော့ သူ့မှာ ငွေကြေးမလုံလောက်တဲ့အတွက် မီးသင်္ဂြိုဟ်ပေးဖို့ ပြောခဲ့ချိန်မှာ ၀န်ထမ်းတွေက သံသယရှိခဲ့လို့ ရဲတွေကို အကြောင်းကြားခဲ့တာပါ။ လက်ရှိမှာတော့ ရဲတွေက အဆိုပါ အမျိုးသားနဲ့အတူ အိမ်ကို လိုက်ပြီး စုံစမ်းစစ် ဆေးမှုတွေလုပ်ဆောင်နေပြီး ဇနီးဖြစ်သူရဲ့ အလောင်းကိုတော့ ဆေးရုံကို ပို့ဆောင်ကာ ဆက်လက်စစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up