A d v e r t i s e m e n t With Us

ကယ်ဆယ်ရေး ရဟတ်ယာဉ် ကံကောင်းထောက်မစွာ ပျက်ကျမည့် ဘေးကလွတ် (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း အူတာ ပြည်နယ်က လုံးပိတောင်ဆီကို ကယ်ဆယ်ရေး သွားရောက်တဲ့ ရဟတ်ယာဉ်ဟာ ကံကောင်းထောက်မစွာနဲ့ ပျက်ကျမယ့်ဘေးကနေ ကင်းလွတ်သွားပါတယ်။ ကယ်ဆယ်ရေးသွားရောက်ရာမှာ အန္တရာယ်များတဲ့ ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကို အခု ပြန်လည် ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် စက်တင်ဘာက ပေ ၃၀၀ ပေါ်ကနေ ပြုတ်ကျခဲ့တဲ့ အမျိုးသမီးအလောင်းကို ရှာဖွေတဲ့ ကယ်ဆယ်ရှာဖွေရေး အဖွဲ့ကို ကူညီပေးဖို့ အူတာ လူထုလုံခြုံရေး ဌာနက ရဟတ်ယာဉ် မောင်းတဲ့ ကန့်ဟာရီဆင်ကို စေလွှတ်ခဲ့ပါတယ်။ ရဟတ်ယာဉ်က ကျောက်ကမ်းပါးနားမှာ ၀ဲပျံပြီး အမျိုးသမီးအလောင်းကို တင်ဖို့ ကယ်ဆယ်ရေးအဖွဲ့က ဆောင်ရွက်ခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေက အ၀ါရောင်ကြိုးကို အသုံးပြုပြီး ကမ်းပါးနံဘေးမှာ လာဝဲတဲ့ ရဟတ်ယာဉ်ပေါ်ကို အမျိုးသမီး အလောင်းကို တင်ဖို့ ကြိုးစားပါတယ်။ ဒီအချိန်မှာပဲ ကြိုးက ရဟတ်ယာဉ်ရဲ့ ဒလက်ကို ညိုပြီး ရဟတ်ယာဉ်က ထိန်းချုပ်မရ ဖြစ်ခဲ့ပါတယ်။ ရဟတ်ယာဉ်အမြီးက ဒလက်က ကယ်ဆယ်ရေးသမားတွေရဲ့ ခေါင်းပေါ်ကို ပျံဝဲလာတဲ့ အတွက် ကယ်ဆယ်ရေးသမားတွေလည်း ကျောက်ဆောင်နဲ့ အကာအကွယ်ယူခဲ့ရပါတယ်။ ရဟတ်ယာဉ်ကလည်း အထက်အောက် ဘယ်ညာ ယိမ်းထိုးနေသလို စက္ကန့်အနည်းငယ် အတွင်းမှာပဲ ရဟတ်ယာဉ်က ပျက်ကျမလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရဟတ်ယာဉ်ကို ဟယ်ရီဆင်က ပြန်လည် ထိန်းသိမ်းနိုင်ခဲ့ပြီး ပျက်ကျမယ့်အရေးက ရှောင်ရှားနိုင်ခဲ့သလို တာဝန်ကိုလည်း အောင်မြင်စွာထမ်းဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up