A d v e r t i s e m e n t With Us

ရှေးဟောင်းပေစာထုပ် ၂၀၀ နီးပါး အမျိုးသားစာကြည့်တိုက်ကို လှူဒါန်း

ဓာတ်ပုံ - National Library of Myanmar
နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်ကို ကရင်ပြည်နယ်ကနေ ရှေးဟောင်းပေစာထုပ်ပေါင်း ၁၉၅ ထုပ်နဲ့ ကမ္မဝါထုပ် ၈ ထုပ်ကို ပြီးခဲ့တဲ့  မေလ ၅ ရက်နေ့မှာ လာရောက်လှူဒါန်းသွားတယ်လို့ စာကြည့်တိုက် တာဝန်ရှိသူကပြောပါတယ်။ အမျိုးသားစာကြည့်တိုက် ညွှန်ကြားရေးမှူး  ဒေါက်တာ ကေသီထွေးက“ အမျိုးသားစာကြည့်တိုက် အနေနဲ့က ပေတွေပရပိုက်တွေကို အဓိကထား ထိန်းသိမ်းတာတာပေါ့။ ယဉ်ကျေးမှု အမွေအနှစ် တွေဆိုတော့ သူတို့ဆီမှာ သိမ်းဆည်းထားတယ်။ ဒါပေမယ့် သေချာလည်း စာရင်းမသွင်းနိုင်သေး ဘူး ဆိုတဲ့အခါကျတော့ ကျမတို့ဆီမှာ ထားရင်အဆင်ပြေမလားဆိုပြီးတော့ ကျမတို့ဆီ လာဆက်သွယ်ပြီးတော့ လူကြီးတွေက လက်ခံလိုက်ပါဆိုလို့ လက်ခံလိုက်တာ”လို့ပြောပါတယ်။ ကရင်ပြည်နယ်ကလာရောက်လှူဒါန်းသူတွေဟာ ပုဂ္ဂလိကက ဖြစ်ပြီး  လျူဒါန်းသူ အတိအကျ ဘယ်သူဘယ်ဝါဆိုတာကတော့ ဌာနဆိုင်ရာက စာမ၀င်သေးလို့ ပြောပြလို့မရသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ပေစာထုပ်တွေဟာ  ဗုဒ္ဓစာပေတွေဖြစ်ဖို့ များတယ်လို့လည်း ညွှန်ကြားရေးမှူး ဒေါက်တာ ကေသီထွေးကပြောပါတယ်။ “ပေတွေကတော့ အင်္ဂါ စုံတာလည်းရှိတယ် မစုံတာလည်းရှိတယ်။ စာအုပ်ဆိုရင် စာအုပ်ရဲ့ အင်္ဂါစုံတဲ့သဘောမျိုးပေါ့ ပေဆိုရင်လည်း ပေရဲ့ အင်္ဂါစုံရမှာပေါ့။ ကျမတို့က တရွက်ချင်း တထုပ်ချင်းကို ပြန်ပြီးစစ်ဖို့ လိုသေးတယ်။ အဲဒါကြောင့် တိတိကျကျ မပြောနိုင်သေးဘူး။ ပေထုပ်များရဲ့ သဘောသဘာဝအရ ဗုဒ္ဓကျမ်းစာတွေဖြစ်ဖို့များတယ်။” အမျိုးသားစာကြည့်တိုက်အနေနဲ့ အဆိုပါ ပေစာထုပ်တွေကို တရွက်ချင်းသန့်ရှင်းရေး လုပ်တာ၊ ပေစာတွေကို ပြန်လည်ဖတ်ရှုတာနဲ့ စာရင်းမှတ်တမ်းသွင်းတာစတဲ့  စာကြည့်တိုက်လုပ်ငန်းစဉ် တွေ အချိန်ယူ ဆက်လက်လုပ်ဆောင်ဖို့ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up