အင်္ဂလန် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်တဲ့ လက်စတာ ကစားသမား ၃၀ ဦးကို ပေါင် ၃၂၆၇၀ တန် မာစီးဒီးကားတစီးစီ ကလပ်အသင်းပိုင်ရှင် ထိုင်းစီးပွားရေးသမား ဗီချိုင်း သီဗတ်ဟန်နာပရာဗက ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ကစားသမားတိုင်းကို မာစီးဒီး ဘီအမျိုးအစား အီလက်ထရစ် ကားတစီ ပေးအပ်သွားမှာ ဖြစ်ပြီး ပိုင်ရှင်က ပေါင် ၁ သန်းလောက် ကုန်ကျမယ်လို့ ဒေးလီးမေလ်းသတင်းမှာ ရေးပါတယ်။
အစောပိုင်းကတည်းက ဖလားရယူနိုင်တဲ့အတွက် လာဗေးဂတ်စ်ကို အခမဲ့ခေါ်သွားမယ်လို့ နည်းပြ ရာနီရေးနီကို ဗီချိုင်းက ကတိပေးထားပြီးသား ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲတဲ့အတွက်လည်း ကလပ်အသင်းရဲ့ ပုံရိပ်ဟာ တက်ခဲ့သလို ပေါင်သန်းချီ ၀င်ငွေရရှိမှာလည်း ဖြစ်ပါတယ်။

လက်စတာအသင်းရဲ့ ကင်းပါဝါကွင်းမှာ ကစားမယ့်ပွဲမှာ အသင်း ပရိသတ်တွေကို အခမဲ့ ဘီယာတိုက်လေ့ရှိတဲ့အတွက်လည်း ဗီချိုင်းဟာ လူသိများတယ်လို့ ဆိုပါတယ်။