A d v e r t i s e m e n t With Us

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ သွားရောက်မည်

ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို သွားရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်အတွက် နှစ်ဘက်နိုင်ငံခြားရေးဝန်ကြီးဌာနချင်း အသေးစိတ်ညှိနှိုင်းနေကြတယ်လို့ နိုင်ငံတော်သမ္မတရုံးက အတည်ပြုပြောကြားပါတယ်။ နိုင်ငံတော်သမ္မတရုံးပြောခွင့်ရသူ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဂျပန်ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံတဲ့အတွက် နှစ်ဦးနှစ်ဘက် အဆင်ပြေမယ့် အချိန်ကို ညှိနှိုင်းနေကြပြီး ရက်အတိအကျတော့ မသတ်မှတ်နိုင်သေးဘူးလို့ ပြောပါတယ်။ သူက “အသေးစိတ်ချက်ခြင်းလက်ငင်းပြောလို့မရဘူး။ အခုချိန်မှာတော့ နှစ်ဦး နှစ်ဘက် တောက်လျောက် on the process (ဆောင်ရွက်ဆဲ) ပေါ့နော်။ သူတို့ဆက်ပြီး ညှိနှိုင်းဆွေးနွေးနေတဲ့ အနေအထားထဲမှာ ရောက်နေပြီပေါ့ အဲလိုပဲ ပြောလို့ရမယ်။” “ခရီးစဉ်မှာ ဘယ်သွားမယ်၊ ဘယ်သူနဲ့တွေ့မယ် ဘာတွေလုပ်မယ်၊ ဘာတွေ ဆွေးနွေးမယ်၊ ဘယ်လို သဘောတူညီချက်လုပ်၊ ဘယ်လိုကြေညာချက်ထုတယ်  ဒါမျိုးတွေ ဆက်ညှိရသေးတာ ပေါ့နော်။ ခရီးစဉ်မှာ ဘယ်ကိစ္စ၊ ဘယ်ကိစ္စတွေကို ရလဒ် outcome ပေါ့နော် ရအောင်လုပ်ကြတာရှိတယ်။ အဲဒါမှ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမယ့်ဟာမျိုးတွေပေါ့နော်၊ ဒါမျိုးတွေကို ဘယ်လို issue ကဏ္ဍ မျိုးကို ပူးပေါင်းဆောင်ရွက်ကြမလဲ၊ နောက် ကြေညာချက်တွေ ဘယ်လိုထုတ်ကြမလဲ၊ ဒါတွေက အသေးစိတ်လုပ်ရတာတွေ ရှိတယ်။Ï ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် ဒီလကုန်ပိုင်းကျင်းပမယ့် စက်မှု ထိပ်သီးခုနှစ်နိုင်ငံအစည်းအဝေး အစီအစဉ်အတွက် ဥရောပနိုင်ငံတွေကို သွားရောက်နေပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်က မနက်ဖြန်မှာ အစိုးရသစ်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် သမ္မတဦး ထင်ကျော်နဲ့အတူ လာအိုနိုင်ငံကို သွားရောက်ဖို့ရှိပါတယ်။ ဂျပန်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက စာပေးပို့ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်က စစ်အုပ်စုနဲ့ သံတမန်ရေးရာဆက်ဆံခဲ့သလို စစ်အုပ်ချုပ်ရေးကာလမှာ မြန်မာအတွက် အကြီးမားဆုံး အလှူရှင်နိုင်ငံဖြစ်ခဲ့ပါတယ်။ တခြားနိုင်ငံတွေက မြန်မာနိုင်ငံကို အလှူငွေတွေ လျော့ချချိန်မှာ ဂျပန်က ၁၉၈၉ ခုနှစ်က ၂၀၁၁ ခုနှစ်အထိ အထောက်အပံ့ ဒေါ်လာ သန်း ၈၅၇ သန်း နဲ့ နည်းပညာအထောက်အပံ့ ဒေါ်လာ သန်း ၃၆၀ ဖိုးမြန်မာကို ပေးအပ်ခဲ့ပြီတာဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ အရပ်သားတပိုင်းအစိုးရ ပေါ်ပေါက်လာပြီးနောက် ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံပေါ် တင်ရှိတဲ့အကြွေး အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၈ ဘီလီယံကို၂၀၁၃ ခုနှစ်ဇန်န၀ါရီလမှာ တကြိမ်၊ မေလမှာ အကြွေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၄ ဘီလီယံတို့ကို ပယ်ဖျက် လျော်ပေးခဲ့သလို ၁၉၈၇ ခုနှစ်ကတည်းက ရပ်နားထားတဲ့ ချေးငွေထုတ်ပေးရေးအစီအစဉ်ကို ပြန်လည်စတင်ခဲ့ပါတယ်။ မစ်ဆူဘီရှီ၊ မာရူဘီနဲ့ အခြေခံ အဆောက်အအုံဆိုင်ရာ ကုမ္ပဏီကြီးများဖြစ်သော တိုင်ဆိုင်းနှင့် ဂျေဂျီစီကဲ့သို့သော လုပ်ငန်း ဂျပန်ကုမ္ပဏီကြီးတွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်ဖို့ စိတ်အား ထက်သန်စွာ လေ့လာခဲ့ကြပါတယ်။ ဂျပန်နိုင်ငံ သတင်းတွေမှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး၊ သမ္မတရုံး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီအို ကီရှီဒါရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း ဂျပန်ကိုလာလည်ဖို့ ဖိတ်ကြားချက်ကို အပြုသဘောတုံ့ပြန်တယ်လို့ ရေးပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အစိုးရက ဒေါ်အောင်ဆန်းစုကြည် ဂျပန်ကို လာရောက်ဖို့ အတွက် လိုလားနေတယ်လို့ ကီရှီဒါက ပြောဆိုခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က  ‘နောင်တကြိမ် ဂျပန်မှာ ၀န်ကြီးကိုတွေ့ဖို့ မျှော်လင့်တယ်’ လို့ ပြန်ပြောဆိုခဲ့တယ်လို့ ဂျပန်အရာရှိတွေကို ကိုး ကားပြီး ကျိုဒိုသတင်းမှာရေးပါတယ်။ ကီရှီဒါက မြန်မာအစိုးရသစ်ကို ဂျပန်က အပြည့်အ၀ထောက်ခံကြာင်း၊ မြန်မာနိုင်ငံမှာ အလုပ်အ ကိုင်ဖန်တီးရေး၊ ပညာရေး၊ စိုက်ပျိုးရေးနဲ့ အခြေခံ အဆောက်အဦ တည်ဆောက်ရေး၊ ငွေကြေး ဆိုင်ရာကဏ္ဍတွေမှာ  ဂျပန်က ကူညီမယ်လို့ ပြောဆိုခဲ့ပါတယ်။ ၄၅ မိနစ်ကြာ တွေ့ဆုံဆွေးနွေးမှုမှာ တောင်တရုတ်ပင်လယ်အတွင်းတရုတ်ရဲ့ စစ်တပ် ဖြန့်ကျက် ချထားမှုနဲ့ မြောက်ကိုးရီးယား နျူးကလီးယား ဒုံးပျံ စမ်းသပ်လုပ်ဆောင်နေတဲ့ ကိစ္စတွေကို ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up