မြန်မာ့လျှပ်စစ်ချို့တဲ့မှု အခြေအနေဆိုင်ရာစစ်တမ်း ထုတ်ပြန်
DVB
·
May 5, 2016
မြန်မာနိုင်ငံ စွမ်းအင်ရရှိမှု အလုပ်ရုံဆွေးနွေးပွဲကို ဒီနေ့ မနက်ပိုင်းက Green Hill ဟိုတယ်မှာ ကျင်းပခဲ့ပြီး မြန်မာ့လျှပ်စစ်ချို့တဲ့မှုအခြေအနေဆိုင်ရာ စစ်တမ်းတခုကို ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ လျှပ်စစ်ချို့တဲ့မှု အခြေအနေဆိုင်ရာ စစ်တမ်းကို နိုင်ငံတကာအဖွဲ့အစည်း ၃ ခု ပေါင်းပြီး ထုတ်ပြန်လိုက်တာပါ။
ဒီစစ်တမ်းမှာ မြန်မာနိုင်ငံရဲ့ လူဦးရေ ၃၄ ရာခိုင်နှုန်းသာ မီးရပြီး ကျေးရွာ ၃၈၀၀၀ က လျှပ်စစ်မီးမရတဲ့ အနေအထားမှာ ရှိပါတယ်။
ဒါ့အပြင် အိမ်တိုင်းမီးရရှိဖို့ အိမ်တအိမ်အတွက် အမေရိကန်ဒေါ်လာ ၉၀၀ လောက်ကုန်ကျမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ထင်းမီးအသုံးပြုနေတဲ့ အခြေအနေကလည်း သုံးပုံ နှစ်ပုံ လောက်ရှိနေသေးကြောင်း၊ အဲ့ဒါတွေက လေထု ညစ်ညမ်းမှုကို ဆိုးဆိုးရွားရွားဖြစ်စေတာကြောင့် ဒါတွေကို ဖြေရှင်းဖို့လည်း ဆွေးနွေးမှုခဲ့ကြပါတယ်။
CAFOD၊ IIED နဲ့ IESR အဖွဲ့ ၃ ခုက လျှပ်စစ်ချို့တဲ့နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတို့ကို ကူညီပေးဖို့ ရည်ရွယ်ထားပြီး ဆွေးနွေးအဖြေရှာမှုတွေ လာရောက် ပြုလုပ်တာ ဖြစ်ပါတယ်။