အဋ္ဌမအကြိမ် နှစ်ခြင်းလူငယ် ဓမ္မညီလာခံ ကျင်းပ (ဓာတ်ပုံ)
အောင်သူ
·
May 5, 2016
ရန်ကုန်မြို့ အလုံမြို့နယ်ထဲက ကရင်ခြံမှာ အဋ္ဌမအကြိမ် နှစ်ခြင်းလူငယ် ဓမ္မညီလာခံ ကျင်းပ ပြုလုပ်နေပါတယ်။
ဒီညီလာခံကို မေ ၃ ရက်ကနေ ၆ ရက်နေ့ထိ ကျင်းပနေပြီး မြန်မာပြည်အနှံ့က လူငယ် ၁၇၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒီညီလာခံမှာ လူငယ်နဲ့ငြိမ်းချမ်းရေးအကြောင်းတွေ အိမ်ထောင်ရေးအကြောင်းတွေ မီဒီယာနဲ့ ပတ်သတ်တဲ့အကြောင်း စတဲ့ကဏ္ဍအလိုက်ခေါင်းစဉ်တွေခွဲပြီး ကျင်းပနေတာဖြစ်တယ်လို့ ပွဲကျင်းပရေး တာဝန်ရှိသူက ပြောပါတယ်။