လေပေါ်ပျံဝဲ စွန့်စားကားမောင်းပြိုင်ပွဲ (ရုပ်သံ)

အင်္ဂလန်နိုင်ငံတောင်ပိုင်းမှာ မေလ ၂ ရက်နေ့က စွန့်စားကားကျော်မောင်းပြိုင်ပွဲကို ကျင်းပခဲ့တယ်လို့ စတပ်ဖ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အရှိန်နဲ့ မောင်းနှင်လည်ပတ်ရတဲ့ ကားအင်ဂျင်နဲ့ မြန်နှုန်းမြင့် မောင်းနှင်ရတဲ့ ဒီပြိုင်ပွဲဟာ အန္တရာယ်များပြီး စွန့်စားလွန်းရာ ရောက်တဲ့အတွက် အနီးမှာတော့ ဆေးဘက်အကူ ၀န်ထမ်းတွေကိုလည်း အရန်သင့်ထားရှိရတာပါ။ နှစ်စဉ်ကျင်းပနေကျ ဒီပြိုင်ပွဲကို ဆပ်ဆက်စ်ပြည်နယ်အနောက်ပိုင်း၊ အန်မာရင်းကျေးရွာမှာ ကျင်းပခဲ့တာဖြစ်ပြီး ပြိုင်ပွဲဝင် ကားမောင်းသမားတွေဟာ အရှိန်မြှင့်ပြီး မောင်းနှင်ကာ စွန့်စွန့်စားစား ယှဉ်ပြိုင်ကြရတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ တန်းစီနေရာချထားတဲ့ ကားဟောင်းကားပျက်စီးရေ ၈ စုံကို ဖြတ်ကျော်ပြီး အခြားတဘက်ကို မောင်းနှင်ရတာဖြစ်ပြီး တောင်ကုန်းတောင်စောင်းတွေပေါ်မှာ အန္တရာယ်ကင်းကင်းနဲ့ ပြန်ပြီး ထိုးဆိုက်နိုင်ရမှာပါ။ အခုနှစ်မှာတော့ တန်းစီထားတဲ့ကားတွေကြား အလဲလဲအပြိုပြိုတွေနဲ့အတူ စွန့်စားမောင်းနှင်ပြီး အနိုင်ရရှိသွားသူကတော့ စတူးဝပ်ဒ်ပိတ်တ်မန်ဆိုသူဖြစ်ကာ ဒါဟာ သူ့အတွက် ပထမဆုံး ပြိုင်ပွဲဝင်ဖူးတာလို့ ဆိုပါတယ်။ “ခင်ဗျားတို့အနေနဲ့ ကောင်းကောင်းခုန်ပြီး ဖြတ်ကျော်နိုင်ခဲ့သည်ဖြစ်စေ၊ မကောင်းခဲ့သည်ဖြစ်စေ ရှေ့မှာ ဘာတွေဆက်ဖြစ်မယ်ဆိုတာ မသိနိုင်ပါဘူး။ ခုလို အနိုင်ရခဲ့လို့ ကျနော် ရင်တွေခုန်နေတယ်” လို့ ပြတင်းပေါက်သန့်ရှင်းရေးသမား တဦးလည်းဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် စတူးဝပ်ဒ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up