ဘောလုံးကို အကြောင်းပြပြီး ငွေမည်းခ၀ါချသည့် ရုရှား ဒုစရိုက်ဂိုဏ်းကို ဖြိုခွဲ

ဓာတ်ပုံ - Getty Images
ပေါ်တူဂီနိုင်ငံမှာ ဘောလုံးကို အကြောင်းပြပြီး ငွေမည်းခ၀ါချတဲ့ ရုရှားဒုစရိုက်ဂိုဏ်းကို ဖြိုခွဲနိုင်ပြီလို့ ဥရောပနဲ့ ပေါ်တူဂီရဲတပ်ဖွဲ့တွေက ပြောပါတယ်။ ဂိုဏ်းက ဘောလုံးကလပ်တွေကို ၀ယ်ယူပြီး ကုမ္ပဏီတွေကို ထိန်းသိမ်းထားနိုင်တဲ့ လျှို့ဝှက်ကွန်ရက်အဖြစ် အသုံးပြုတယ်လို့ ဥရောပသမဂ္ဂရဲ့ ဥပဒေပြုအဖွဲ့ ယူရိုပိုက ပြောပါတယ်။ အဓိက ဘောလုံးကလပ် ၄ ခုရဲ့ နေအိမ်တွေနဲ့ ရုံးတွေကို ရှာဖွေခဲ့ပြီး အရေးပါတဲ့ ဖမ်းဆီးမှု ၃ ခု မေလ ၄ ရက်က လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဗြိတိန်၊ ဂျာမနီ၊ မော်ဒိုဗာ၊ သြစတြီးယား၊ လတ်ဗီးယား၊ အက်စတိုးနီးယား နိုင်ငံတွေမှာ ပူးပေါင်းလုပ်ဆောင်နေတဲ့ ရာဇ၀တ်မှု အချိတ်အဆက်တွေကိုလည်း တွေ့ရှိခဲ့ပါတယ်။ Uniao de Leiria ကလပ်ကိုလည်း ၀င်ရောက်စီးနင်းခဲ့ပြီး တခြားကလပ်အရာရှိ ၂ ဦးနဲ့အတူ ကလပ်အသင်းပိုင်ရှင် အလက်ဇန္ဒာ တိုစတီကောဗ့်ကိုလည်း ဖမ်းဆီးခဲ့ပြီး မေ ၅ ရက်မှာ အားလုံးကို တရားရုံးထုတ်သွားမှာလည်း ဖြစ်ပါတယ်။ ကစားသမားအပြောင်းအရွှေ့ လုပ်ဆောင်ခဲ့တဲ့ စပို့တင်းလစ္စဘွန်း၊ စပို့တင်းဘရာဂါ၊ ဘင်ဖီကာ ကလပ်တွေကိုလည်း ရှာဖွေခဲ့ပါတယ်။ Uniao de Leiria ကလပ်ဟာ အရင်က ထိပ်တန်းကလပ် ဖြစ်ခဲ့ပြီး မော်ရင်ဟိုလည်း အဲဒီကလပ်မှာ နည်းပြခဲ့ဖူးတယ်လို့ သတင်းတွေမှာ ရေးပါတယ်။ နောက်ပိုင်း ဒေ၀ါလီမခံမီ တတိယတန်းကို ဆင်းခဲ့ရပြီး ၂၀၁၅ ခုနှစ်မှာတော့ အလက်ဇန္ဒာ တိုစတီကောဗ့်က ၀ယ်ယူခဲ့ပါတယ်။ လက်ရှိမှာတော့ ဒုတိယတန်းကို တက်ရောက်ရေးအတွက် ကြိုးပမ်းနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up