Home
မြန်မာသတင်း
ရနောင်းမှာ ကားတိုက်သေဆုံးသူ ၅ ဦး အသုဘ ထောင်ချီပို့ဆောင်ခဲ့ကြ
DVB
·
May 4, 2016
13177231_976234142490904_4927545527358083645_n
13174051_976235035824148_7215620802112131913_n
13174021_976234785824173_3314073312919167832_n
13139297_976233999157585_2057164687558799732_n
13138956_976233892490929_8038096347358778833_n
13124943_976235425824109_5107365380027785591_n
ထိုင်းနိုင်ငံ ရနောင်းမှာ ကားတိုက်ခံရပြီး သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမား ၅ ဦးရဲ့ အသုဘ အခမ်းအနားကို ဒီနေ့ပြုလုပ်ခဲ့ပြီး အသုဘကို မြန်မာအလုပ်သမားထောင်နဲ့ချီ လိုက်ပို့ခဲ့ကြ ပါတယ်။ ဧပြီလ ၃၀ ရက်က ကားတိုက်ခံရမှုအတွင်း သေဆုံးသူ ၆ ဦး ရှိသွားပြီဖြစ်ပြီး ဒီနေ့မှာ ၅ ဦးရဲ့ အသုဘကို ပြုလုပ်ခဲ့တာဖြစ်တယ်၊ အသုဘကို ဘန်ကောက်မြန်မာသံရုံးက သံအရာရှိဖြစ်သူ လာရောက်ခဲ့တယ်လို့ သေဆုံးသူအလုပ်သမားများအရေး ကူညီလုပ်ဆောင်ပေးနေတဲ့ ကိုဟိန်းထက်က ပြောပါတယ်။ “မြန်မာသံရုံးက အလုပ်သမားအရာရှိ ဆင်းလာပြီးတော့ ဘာတွေ လိုအပ်သလဲ၊ လိုအပ်တဲ့ ဟာတွေ သူ့ကို ပြောလို့ရတယ်။ သူ ပေါင်းစပ်ညှိနှိုင်းပေးပါမယ်လို့ ပြောပြီးတော့ မိသားစုတွေကို အားပေးစကားပြောတယ်။” လတ်တလောမှာတော့ သေဆုံးသွားတဲ့ မြန်မာအလုပ်သမား ၆ ဦးရဲ့ သက်သေခံ အထောက်အထားလက်မှတ် စစ်ဆေးတာတွေ လုပ်နေပြီး လျော်ကြေးတော့ မရသေးဘူးလို့လဲ ပြောပါတယ်။ မေလဆန်းပိုင်း နေပြည်တော်မှာ လုပ်ခဲ့တဲ့ မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဆွေးနွေးပွဲမှာ လည်း မြန်မာအလုပ်သမားဝန်ကြီး ဦးသိန်းဆွေက ရနောင်းမှာ ကားတိုက်ခံရပြီး သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမားများအတွက် နစ်နာကြေးရဖို့ ထိုင်းအစိုးရက လုပ်ပေးပါလို့ တောင်းဆိုခဲ့ ပါတယ်။ ထိုင်းနိုင်ငံ ရနောင်းမြို့ စဖန်ပလားလမ်း SIFCO အအေးခန်းမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေ ဧပြီ ၃၀ ရက်က အလုပ်ဆင်းဖို့ ကားစောင့်နေတုန်း အစုအပြုံလိုက် ကားတိုက်ခံရပြီး ၄ ဦး  ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေကို ဆေးရုံတင်ကုသပြီး ဆေးရုံပေါ်မှာ နောက်ထပ် နှစ်ယောက် ထပ်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ကားတိုက်ခံရတဲ့ အလုပ်သမားအများစုဟာ တနင်္သာရီတိုင်း၊ ထားဝယ်ဘက်ကဖြစ်ပြီး သေဆုံးသူ အားလုံးဟာလည်း ထားဝယ်ဘက်ကပဲဖြစ်ပါတယ်။ ဓာတ်ပုံ - ဟိန်းထက်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024