မူးယစ်ကုန်ကူးသံသယရှိ လေယာဉ်ကို ပီရူးက ပစ်ချခဲ့သည့်ရုပ်သံ ထွက်ပေါ်
Published By
DVB | 4 May, 2016
3.1K
0
Share
0
Comment
0
Likes
ပီရူး မူးယစ်ဥပဒေဆိုင်ရာ အာဏာပိုင်တွေက မူးယစ်ကုန်ကူးနေတယ်လို့ သံသယရှိတဲ့ လေယာဉ်တစီးကို မေလ ၃ ရက်နေ့က ပစ်ချလိုက်ပါတယ်။
ဒါ့အပြင် မူးယစ်ကုန်ကူးသူလို့ သံသယရှိတဲ့ လူတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ပါတယ်။
ရဲအရာရှိတဦး ရိုက်ကူးခဲ့တဲ့ ရုပ်သံထဲမှာ အာဏာပိုင်တွေက လိုင်စင်နံပါတ် CP1818 ဖြစ်တဲ့ ဘိုလီးဗီးယား လေယာဉ်ကို ပစ်ချလိုက်လို့ မြေပေါ် ပျက်ကျလာပုံကို ရိုက်ကူးထားပါတယ်။
ပစ်ချအပြီး အာဏာပိုင်တွေက ပီရူးအလယ်ပိုင်း အောက်စာပန်ပါခရိုင်ရဲ့ ဝေးလံသီခေါင်တဲ့ ဒေသမှာ သံသယရှိသူတွေနဲ့ ၃ နာရီကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
သံသယရှိသူ ကိုလံဘီယာ အမျိုးသားတဦး လွတ်မြောက်သွားပြီး ဘိုလီးဗီးယား လေယာဉ်မှူးကို ပစ်ခတ်ဖမ်းဆီး တရားစွဲထားပါတယ်။
အဲဒီနောက် သူ့ကို ပူကယ်လ်ပါမြို့ ဆေးရုံဆီ လွှဲပြောင်းပေးခဲ့ပါတယ်။
လေယာဉ်ကနေ ကိုကင်း ကလိုရီဒိတ် ကီလို ၇၀ ကို အာဏာပိုင်တွေ သိမ်းဆည်းရမိပါတယ်။
ဒါပေမယ့် သံသယရှိသူတွေက နောက်ထပ် မူးယစ်ဆေး အနည်းဆုံး ကီလို ၂၀၀ ကို ဝှက်ထားတယ်လို့ ယုံကြည်နေကြပါတယ်။
လေယာဉ်ဟာ ကီလို ၃၀၀ ကို တင်ဆောင်နိုင်စွမ်း ရှိပါတယ်။
ကုလသမဂ္ဂရဲ့ အဆိုအရ ပီရူးနိုင်ငံဟာ ကိုလံဘီယာနိုင်ငံပြီးရင် ကမ္ဘာ့ ဒုတိယအကြီးဆုံး ကိုကင်းတင်ပို့တဲ့နိုင်ငံ ဖြစ်ပါတယ်။