ပြိုကျအဆောက်အဦအတွင်းမှ တနှစ်ခွဲအရွယ် ကလေးငယ်ကို အသက်ရှင်လျက် ကယ်ဆယ်

ဓာတ်ပုံ - စီအန်အန်
1.3K
ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီမှာ ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်က ၆ ထပ်တိုက်ခန်းတွဲ ပြိုကျခဲ့ပြီး အပြိုအပျက်တွေအောက်မှာ ၁ နှစ်ခွဲအရွယ် ကလေးငယ်တဦးကို ကယ်ဆယ်ရေးအဖွဲ့တွေ မေ ၃ ရက်နေ့က အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြပါတယ်။
ကလေးငယ်ဟာ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေမယ့် ရေဓာတ်ခန်းခြောက်နေတဲ့အတွက် နိုင်ရိုဘီဆေးရုံမှာ အရေးပေါ် တင်ပို့ထားတယ်လို့ ကင်ညာကြက်ခြေနီအဖွဲ့က ပြောဆိုပါတယ်။
အခန်းအားလုံး ၁၁၉ ခန်းရှိပြီး ပျောက်ဆုံးနေတဲ့လူတွေကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ဖို့ မျှော်လင့်ချက်နည်းလာပြီလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။
လူ ၁၃၀ ကျော် လွတ်မြောက်ခဲ့ပြီး လက်ရှိအချိန်အထိတော့ လူ ၂၂ ဦး သေဆုံးသွားပါတယ်။
ဖြိုချဖို့ သတ်မှတ်ထားပြီးသား အဆောက်အဦမှာ ခွင့်ပြုချက်မရဘဲ အခန်းအငှားတင်ခဲ့တဲ့ အဆောက်အဦပိုင်ရှင်ကို ဖမ်းဆီးထားပြီး လူသေဆုံးမှု စွဲချက်နဲ့ မေ ၃ ရက်နေ့မှာ ရုံးထုတ်ခဲ့ပါတယ်။