‘အချိန်အခါ’ စီးရီးဖြင့် ရော့ခ်ပရိသတ်ထံ မာရဇ္ဇ ပြန်လာပြီ
DVB
·
May 4, 2016
နာမည်ကြီး ရော့ခ်အဆိုတော် မာရဇ္ဇရဲ့ ရော့ခ်သီချင်း ၁၁ ပါဝင်တဲ့ ‘အချိန်အခါ’ ဆိုတဲ့ တေးစီးရီးကို မေလ ၂၉ ရက်နေ့ စတင်ဖြန့်ချိမှာဖြစ်ပါတယ်။
ရော့ခ်သီချင်း ၁၁ ပုဒ်လုံးကို ကိုယ်တိုင်ရေးသားထားပြီး အချိန်အခါ၊ နှုတ်ဆက်သီချင်းနဲ့ အနိုင်မကျင့်နဲ့ ဆိုတဲ့ သီချင်း ၃ ပုဒ်ကို အကြိုက်ဆုံးလို့ အဆိုတော် မာရဇ္ဇက ဆိုပါတယ်။
စီးရီးခေါင်းစဉ်ဖြစ်တဲ့ အချိန်အခါသီချင်းထဲက စာသားတချို့ကို အဆိုတော် မာရဇ္ဇက အခုလို ပြောပါတယ်။
“သမိုင်းက မပျောက်ဆုံးပါ... လုပ်သမျှကျန်ခဲ့မှာ... စိုက်ပျိုးနိုင်သလောက် ရိပ်သိမ်းရခြင်းတော့ မမေ့နဲ့ကွာ... အရာရာမှာ အချိန်အခါပါ၊ အရာရာမှာ အချိန်ရှိတာ ...သတိ”။
အခုအခွေနဲ့ ပတ်သက်ပြီး မာရဇ္ဇက ရော့ခ်ပရိသတ်တွေကို “Rock ကို တကယ်ကြိုက်တတ်ရင်တော့ ပရိသတ်နဲ့ကျနော် ရင်ခုန်သံခြင်း ထပ်တူကျမှာပါ” လို့ ပြောပါတယ်။
မေလ ၂၉ ရက်နေ့မှာ ထွက်ရှိမယ့် အချိန်အခါ ရော့ခ်သီချင်းခွေကို ROS Band နဲ့ Breakthrough Band တို့က တီးခတ်ပေးထားပြီး The Sun Music က ဖြန့်ချိမှာ ဖြစ်ပါတယ်။
တကိုယ်တော် အခွေမထွက်ဖြစ်တာ ၅ နှစ်နီးပါးရှိပြီလို့ အဆိုတော်မာရဇ္ဇက ပြောပါတယ်။