ဖမ်းဆီးသည့် အမေရိကန်ရဲကို ၀စ်လစ်စလစ် ကွန်ဖူးမယ် ပြန်တိုက်ခိုက် (ရုပ်သံ)
Published By
DVB | 4 May, 2016
6K
0
Share
0
Comment
0
Likes
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့လယ်ခေါင်က ဗဟိုရထားဘူတာတခုရှေ့မှာ ၀စ်လစ်စလစ်နဲ့ အမျိုးသမီးတဦးကို တွေ့ရချိန် ရဲတွေဟာ ဘယ်လိုဆုံးဖြတ်ရမှန်း မသိအောင် ဖြစ်ခဲ့ကြပါတယ်။
အဲဒီအမျိုးသမီးဟာ ၀စ်လစ်စလစ်နဲ့ ကနေတာဖြစ်ပြီး လေပေါ်ကို ထိုးမြှောက်လိုက်၊ ပစ်ကန်လိုက်နဲ့ ကွန်ဖူးတိုက်ကွက်တွေသဖွယ် လှုပ်ရှားနေခဲ့တာပါ။
ရဲနှစ်ဦးဟာ ဆုံးဖြတ်ရခက်နေချိန်မှာပဲ သူတို့ထဲက တဦးက အဆိုပါအမျိုးသမီးရဲ့ လက်ကို နောက်ဘက်ကနေ ဖမ်းချုပ်နိုင်ဖို့ ကြိုးစားခဲ့တာပါ။
ဒါပေမယ့် အမျိုးသမီးဟာ ကိုယ်ကို တပတ်လှည့်လိုက်ပြီး ဖမ်းချုပ်ဖို့ ကြိုးစားတဲ့ရဲကို လက်သီးနဲ့ ထိုးပြီး တိုက်ခိုက်ခဲ့လို့ မအောင်မြင်ခဲ့ပါဘူး။
အချိန်အနည်းငယ်အကြာမှာတော့ အဆိုပါအမျိုးသမီးဟာ မောပန်းလာပြီး ဒူးနှစ်ဘက်ကိုကွေး လက်နဲ့ထောက်ကာ ခဏအနားယူလိုက်ပြီးနောက် ဆက်လက် လှုပ်ရှားနေခဲ့တာပါ။
အဲဒီနောက် သူဟာ အနီးနားက ခုံတခုပေါ်မှာ ထိုင်ချ အနားယူနေခဲ့ပြီးမှ အေးအေးဆေးဆေးပဲ ထွက်သွားခဲ့တာကို တွေ့ရပါတယ်။
ရဲတွေက သူနဲ့ မလှမ်းမကမ်းကနေ သတိထားပြီး လိုက်သွားခဲ့ပေမယ့် ဘာကြောင့် ခုလိုတုံ့ပြန်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ မသိနိုင်ဘူးလို့ ဆိုပါတယ်။
ဒီအဖြစ်အပျက်ကို ကြုံတွေ့ရတဲ့ အနီးနား မျက်မြင်တဦးက လက်ကိုင်ဖုန်းနဲ့ မှတ်တမ်းတင် ရိုက်ကူးခဲ့တာလို့ မေရာသတင်းမှာ ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အနီးနားမှာ ရဲကားတစီးရှိနေတာကို တွေ့ရပြီး နောက်ပိုင်းမှာ ဒီအမျိုးသမီးကို ဖမ်းဆီးလိုက်ဖွယ်ရှိတယ်လို့ သတင်းက ဆိုပါတယ်။
သူဟာ ဖြစ်စဉ်အစမှာပဲ သူ့ရဲ့ အ၀တ်အစားတွေကို ချွတ်ထားခဲ့တာလား ဘာတွေဖြစ်ပျက်ခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။