ဧရာဝတီတိုင်းအတွင်းရှိ မြို့များအမှိုက်ကင်းစင်ရေး ရက် ၁၀၀ စီမံကိန်း လုပ်ဆောင်မည်
DVB
·
May 4, 2016
မြို့တွင်း အမှိုက်ကင်းစင်ရေးကို ရက် ၁၀၀ စီမံကိန်းနဲ့ လုပ်ဆောင်သွားဖို့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်ဝန်ကြီးက ညွှန်ကြားခဲ့ပါတယ်။
ဒီနေ့ မနက် ၉ နာရီမှာ ဧရာဝတီတိုင်းဒေသကြီးစည်ပင်ဝန်ကြီး ဦးကျော်မြင်နဲ့ တိုင်းဒေသကြီး စည်ပင်သာယာရေး ၀န်ကြီးဌာန မြို့နယ်၊ မြို့စည်ပင်သာယာရေးအဖွဲ့တွေနဲ့ ပုသိမ်မြို့တော် ခန်းမမှာ တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။
ဒီအခမ်းအနားကို ပုသိမ်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပုသိမ်မြို့မှာရှိနေတဲ့ လူမှု အရပ်ဖက်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့တွေကို အမှိုက် ကင်းစင်တဲ့ မြို့တော်တွေဖြစ်အောင် ဝိုင်းဝန်းလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
သတင်း၊ ဓာတ်ပုံ - စိုးရ