A d v e r t i s e m e n t With Us

”အစိုးရတပ်” ဟု မသုံးနှုန်းရန် တပ်မတော် သတိပေး

ဓာတ်ပုံ - မြ၀တီ
မြန်မာ့တပ်မတော်ကို ''အစိုးရတပ်'' လို့ ခေါ်ဝေါ်သုံးစွဲတာနဲ့ အေအေအဖွဲ့ကို ''ရခိုင်တပ်မတော်'' လို့ မီဒီယာမှာ သုံးနှုန်းတာနဲ့ပတ်သက်ပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနဲ့ တာဝန်ရှိသူတွေက လိုအပ်သလို ထိန်းသိမ်းကြပ်မတ်ပေးဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ပြည်တွင်းရုပ်မြင်သံကြားဌာန MRTV-4 က ဧပြီ ၂၉ ရက် ည ၈ နာရီ သတင်းထုတ်လွှင့်ရာမှာ ''အစိုးရတပ်နှင့် ရခိုင်တပ်မတော် (အေအေ) တိုက်ပွဲကြောင့် ဒေသခံ ၁၁၀၀ ဝန်းကျင် စစ်ဘေးရှောင်နေရ'' ခေါင်းစဉ်နဲ့ သတင်းတပုဒ် ထုတ်လွှင့်ခဲ့တာနဲ့ ပတ်သက်ပြီး  မြန်မာ့တပ်မတော်က တုံ့ပြန်လိုက်တာပါ။ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံတိုင်းမှာ နိုင်ငံတော်ကိုကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ တပ်မတော် တခုတည်းသာရှိပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၇) မှာလည်း တပ်မတော်လို့သာ သုံးစွဲဖော်ပြကြောင်းနဲ့ တပ်မတော် အသုံးအနှုန်းကို မှန်ကန်စွာ သုံးစွဲမဖော်ပြဘဲ အစိုးရတပ်လို့ ဖော်ပြတာဟာ တပ်မတော်ရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာကို များစွာ ထိခိုက်စေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် တရားမဝင် လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်တဲ့ အေအေအဖွဲ့ကို ရခိုင်တပ်မတော်လို့ ဖော်ပြတာဟာ အားပေးအားမြှောက်ပြုတဲ့သဘော သက်ရောက်တယ်လို့လည်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up