A d v e r t i s e m e n t With Us

အမြွှာစုံတွဲ တထောင်ကျော် တွေ့ဆုံချီတက်ပွဲ ပရိသတ်များကို ဆွဲဆောင်နိုင်ခဲ့ (ရုပ်သံ)

တရုတ်နိုင်ငံ၊ ယူနန်ခရိုင်၊ မိုကျန်းဟန်နီး စီရင်စုနယ်မြေထဲမှာ မေလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ဒေသတွင်း အမြွှာများ တွေ့ဆုံချီတက်ပွဲဟာ ကြည့်ရှုသူပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ဒီပွဲတော်ကို ဟန်နီးမျိုးနွယ်စု၊ သံစုံတီးဝိုင်းအုပ်စုက ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံတ၀ှမ်းနဲ့ နိုင်ငံရပ်ခြားမှ အမြွှာစုံတွဲ ၁၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြတာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အလှပြယာဉ်တွေနဲ့အတူ လမ်းတွေတလျှောက် အမြွှာတွေကို တင်ဆောင်ပြီး ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြတာကို တွေ့ရပါတယ်။ ဒီပွဲတော်ဟာ လမ်းတလျှောက် လူထုပရိသတ်တွေနဲ့ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်ခဲ့တာပါ။ လူအများစုအတွက်တော့ ကိုယ့်ရဲ့ ညီအစ်ကိုမောင်နှမ အမြွှာဖြစ်ခွင့်ရတာဟာ ထူးခြားမှုတခုဖြစ်ပြီး ဒီပွဲတော်တွင်းမှာပဲ အမြွှာညီအစ်ကိုစုံတွဲနဲ့ အမြွှာညီအစ်မစုံတွဲ ၂ တွဲ လက်ထပ်ခဲ့ကြတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up